အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာ တမ်းတွင်ဖော်ပြထားသည့် ပြဌာန်းချက်များကို တိတိကျကျလေးစားလိုက်နာရန်လိုအပ်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

0
195

အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့တွင် အောက်တို ဘာ ၂၇ ရက်က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီးများ၏ အထူးအစည်းအဝေးနှင့်ပတ်သက်၍ နစက ၏နိုင်ငံခြားရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။

အစည်းအဝေးအား မြန်မာနိုင်ငံမှ နိုင်ငံရေးအရကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းအပိုဒ်(၅)ပါ ပြဌာန်းချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများကြား အဆင့်တူတန်း တူ ကိုယ်စားပြုရေးမူနှင့်သွေဖည်နေ၍ မြန်မာနိုင် ငံမှ ကိုယ်စားပြုတက်ရောက်ခဲ့ခြင်းမရှိဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အာဆီယံပဋိညာဉ်စာတမ်းအရ အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံး တန်းတူညီတူကိုယ်စားပြုရေး“မူ” နှင့်တစ်နိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက်မစွက်ဖက်ရေး“မူ”တို့ကို မြန်မာနိုင်ငံအနေနှင့်ခိုင်မာစွာလိုက်နာလျက်ရှိရာ၊ ယခုကဲ့သို့ ခွဲခြားဆက်ဆံသည့် လုပ်ရပ်များကိုလက်ခံနိုင်ခြင်းမရှိဟု ရေး သားထားသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံပါဝင်ခြင်းမရှိဘဲ အာဆီယံ(၉)နိုင်ငံဖြင့်သာ ဆွေးနွေးသဘောတူညီခဲ့ခြင်းသည် အာဆီယံပဋိညာဉ်စာတမ်းပါ”မူ”များနှင့်အညီ အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအရ ဆောင်ရွက်ခဲ့ခြင်းမဟုတ်၍ မြန်မာနိုင်ငံအနေဖြင့် လိုက်ပါဆောင်ရွက်မည်မဟုတ်ဟု ထုတ်ပြန်ချက် ၌ရေးသားထားသည်။

နစက သည် ၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတာဝန်ယူပြီးနောက်ပိုင်းတွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်၍ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် အာဆီယံ၏ တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ခြင်းအား အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့်အပြုသ ဘောနီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ရေးသားထားသည်။

နိုင်ငံတွင်းတည်ငြိမ်အေးချမ်းမှုရရှိရန် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များ၊နိုင်ငံရေးပါတီများ၊ငြိမ်းချမ်းရေးကိုလိုလားသည့် အဖွဲ့အစည်းများနှင့်တွေ့ဆုံကာ ပွင့်လင်းစွာဆွေးနွေးလျက်ရှိသည်။ 

မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသည့် တိုးတက်မှုများရရှိလျက်ရှိပြီး အာဆီယံတူညီဆ န္ဒ(၅)ချက်တွင်ပါဝင်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ရေး ပထမ အဆင့်အား AHA စင်တာကို ပူးပေါင်းပံ့ပိုးလျက်ရှိကာ အကူအညီလိုအပ်နေများထံ ခွဲခြားမှုမရှိဘဲ မျှတစွာရရှိရန်နှင့်အကူအညီပေးအပ်သည့် စေတ နာ့ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို အ လေးထားဆောင်ရွက်လျက်ရှိပြီး ဒုတိယအဆင့် အကူအညီများပံ့ပိုးနိုင်ရန် လိုအပ်ချက်များဆန်း စစ်မှုဆောလျင်စွာပြီးမြောက်ရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

ပြည်သူလူထု၏ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရန် အစိုးရ၏ကြိုးပမ်းနေမှုအား NUG နှင့် PDF အမည်ခံများက အဖျက်အမှောင့်လုပ်ရပ်များ၊အကြမ်းဖက်လုပ်ရပ်များ လုပ် ဆောင်၍ ဖျက်ဆီးလျက်ရှိသည်။ 

ထိုသို့ ပြည်တွင်း၊ပြည်ပမှ အနှောင့်အယှက်များ၊ ဖိအားပေးမှုများ မည်သို့ပင်ရှိနေသော်လည်း တာ ဝန်သိအဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အာဆီယံတူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော်လျက်ရှိပြီး တူညီဆန္ဒ(၅)ချက် အကောင်အထည် ဖော်ခြင်းသည် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ရာ အချိန်ကန့်သတ်ချက်ဖြင့် ဖိအားပေးအကြပ်ကိုင်သည့် ချဉ်းကပ်မှုမျိုးသည် အကျိုးမရှိနိုင်သည့်အပြင် ဆိုးကျိုးသက်ရောက်မှုများကိုပင်ဦးတည်သွားစေနိုင်သည်ဟု ရေးသားထားသည်။

အင်အားကြီးနိုင်ငံများ၏အားပြိုင်မှုပထဝီနိုင်ငံ ရေးနှင့်ပထဝီစီးပွားရေးဆိုင်ရာကိစ္စ အားပြိုင်မှုများအရှိန်မြှင့်တက်နေသည့် ယခုအချိန်မျိုးတွင် အာဆီယံအနေဖြင့် ခိုင်မာသည့်အဖွဲ့အစည်းအ ဖြစ်တည်ရှိရန် အာဆီယံ၏ စည်းလုံးညီညွတ်မှုနှင့် အချက်အခြာကျမှုတို့ကို ထိန်းသိမ်းရန် အရေးတ ကြီးလိုအပ်သည်။ 

အာဆီယံသည် စည်းမျဉ်းကိုအခြေခံသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းတွင်ဖော်ပြထားသည့် ပြဌာန်းချက်များကို တိတိကျကျ လေးစားလိုက်နာရန်လိုအပ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ဂုဏ်သိက္ခာနှင့်အချုပ်အခြာအာ ဏာကိုလေးစား၍ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံကဝင်ရောက်မစွက်ဖက်ရန် အ ထူးလိုအပ်ပြီး ထိုမှသာ အာဆီယံ၏စည်းလုံးညီ ညွတ်မှုနှင့်အချက်အခြာကျမှုတို့ကို ထိန်းသိမ်းနိုင်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here