FATF ၏ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပုံမှန်ငွေ ကြေးစီးဆင်းမှုနှင့်နိုင်ငံစီးပွားရေးပုံမှန်လည်ပတ်မှုကို သံသယရှင်းလင်းလိုပါက ဗဟိုဘဏ်မှနားလည်သူများကို လာရောက်ရှင်းလင်းစေမည်

0
250

နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ၏ တာ ဝန်ရှိသူများအား အောက်တိုဘာ ၂၇ ရက်က သီ လဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ အမှာစ ကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သီလဝါအထူးစီးပွားရေးဇုန်ဖြစ်ပေါ်တိုးတက်မှုနှင့်လုပ်ငန်းဆောင်ရွက်မှုများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးရဲနိုင်ထွန်း၊ သီလဝါအထူးစီးပွားရေးဇုန် လက်ရှိဆောင် ရွက်နေမှု၊ တွေ့ကြုံရသည့် အခက်အခဲများကို နိုင် ငံတော်မှဖြေရှင်းဆောင်ရွက်ပေးမှု၊လုပ်ငန်း ဆက် လက်ဆောင်ရွက်သွားမည့် အခြေအနေများအား မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊စီးပွားကူးသန်းဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦးတို့က ရှင်းလင်းတင်ပြခဲ့ကြသည်။

နိုင်ငံ့စီးပွားရေးအတွက် ထုတ်ကုန်တိုးမြှင့်ထုတ် လုပ်နိုင်ရန်နှင့်ပို့ကုန်တိုးမြှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကာ ကျောက်ဖြူ၊ထား ဝယ် SEZ များတွင်လည်း အလားတူလာရောက်ရင်းနှီးမြုပ်နှံသည့် နိုင်ငံများမှ ကုမ္ပဏီများ၏ ယုံ ကြည်မှုရရှိရန်ဆောင်ရွက်ပေးရမည်ဟု ပြော သည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗဟိုဘဏ်မှ တရားဝင်ရှင်းလင်းထားပြီးဖြစ်၍ ပုံမှန်ငွေကြေးစီးဆင်းမှုနှင့်နိုင်ငံစီးပွားရေးပုံမှန်လည် ပတ်နေမှုကို သံသယရှင်းလင်းလိုပါက ဗဟိုဘဏ်မှ နားလည်သူများကို လာရောက်ရှင်းလင်းပြောကြားစေမည်ဟု ပြောသည်။

FDI များပိုမိုဝင်ရောက်လာစေရန် Brochure များကို ရုရှား၊တရုတ်နှင့်အခြား စိတ်ဝင်စားသည့် ဒေ သတွင်းနိုင်ငံတို့၏ ဘာသာစကားတို့ဖြင့်ဖြန့်ဝေကြော်ငြာပေးရမည်ဖြစ်ပြီး ကျန်ရှိသည့် မြေသိမ်း ဆည်းရေးကိစ္စများအား ဥပဒေနှင့်အညီအမြန်ပြီး စီးစေရန် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ကူညီဆောင် ရွက်ပေးရန်လိုသည်ဟု ပြောသည်၊

အထူးစီးပွားရေးဇုန်မှလုပ်ငန်းများနှင့် MSME များချိတ်ဆက်ပေးရာတွင် မူလ SEZ ၏ရည်မှန်း ချက်နှင့်ကိုက်ညီပြီး နိုင်ငံစီးပွားဖွံ့ဖြိုးမှုကို အ ထောက်အကူပြုမည့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ် နိုင်ရန် ရည်ရွယ်ဆောင်ရွက်၍ SEZ ၏ ဥပဒေ အရကန့်သတ်ချက်များအပေါ်တွင်လည်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်ရမည်ဟု ပြောသည်။

“လုံခြုံရေးနဲ့ပတ်သက်ပြီး ဇုံတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ လုံခြုံရေးစနစ်ဆောင်ရွက်နိုင်ဖို့ လုံခြုံရေးကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ခေါ်ယူဆောင်ရွက်သွားရပါမယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

SEZ သည် နိုင်ငံတော်၏ စီးပွားရေးကိုတဖက်တစ်လမ်းမှ အဓိကအထောက်အကူပြု၍ နိုင်ငံတော် ၏ GDP ၌လည်းသက်ရောက်လျက်ရှိရာ အောင် မြင်နေသည့် စံပြဇုံတစ်ခုဖြစ်၍ အောင်မြင်သထက်အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်သွားရန်လိုပြီး ရှိပြီးသားကုမ္ပဏီများ လုပ်ငန်းပိတ်သိမ်းမှုမရှိစေရန် အတတ်နိုင်ဆုံးလိုအပ်ချက်ကိုပြည့်စုံအောင်ဖြည့်ဆည်းပေးကာ ကုမ္ပဏီအသစ်များဝင်ရောက်လာရေးကိုလည်း ဆောင်ရွက်ရန် လိုသည်ဟု ပြောသည်။

“နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အဖက်ဖက်ကကြိုးပမ်း နေရချိန်ဖြစ်လို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုရရှိပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ် ကျန်ရှိတဲ့ ဟက်တာတွေ ပိုမိုရောင်းချနိုင်ဖို့ကိုလည်းညှိ နှိုင်းဆောင်ရွက်သွားဖို့လိုပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌကပြောသည်။

ထို့နောက် နစက ဒု-ဥက္ကဋ္ဌသည် သီလဝါအထူး စီးပွားရေးဇုန်ရှိ KUBOTA Myanmar Co., Ltd စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့် လည်ကြည့်ရှုခဲ့သည်။သီလဝါအထူးစီးပွားရေးဇုန်၌ ယနေ့အထိ နိုင်ငံပေါင်း ၂၁ နိုင်မှ ကုမ္ပဏီပေါင်း ၁၁၄ ခုလာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here