အီလွန်မက်စ်သည် ဒေါ်လာ ၄၄ ဘီလျံဖြင့် တွစ်တာကို လွဲပြောင်းရယူ

0
184

အီလွန်မက်စ်သည် ဒေါ်လာ ၄၄ ဘီလျံ သဘောတူညီချက်ကို အပြီးသတ်ခဲ့ပြီးနောက် တွစ်တာကို တရားဝင် လက်လွဲရယူလ်ိုက်ပြီဖြစ်သည်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် မက်စ်သည် တွစ်တာကို ဝယ်ယူပြီးနောက် ပထမဆုံး ဆုံးဖြတ်ချက်အနေဖြင့် တွစ်တာ၏ စီအီးအို Parag Agrawal နှင့် အခြားထိပ်တန်းအမှုဆောင်နှစ်ဦးကို ရာထူးမှထုတ်ပယ်ခဲ့ကြောင်း အမေရိကန်အခြေစိုက် မီဒီယာအများအပြားက ကြာသပတေးနေ့တွင် အဆိုပါကိစ္စနှင့် ရင်းနှီးသူများကို ကိုးကားဖော်ပြခဲ့သည်။

ဘဏ္ဍာရေး အရာရှိချုပ် Ned Segal နှင့်ဥပဒေရေးရာမူဝါဒ၊ ယုံမှတ်အပ်နှံမှုနှင့် ဘေးကင်း လုံခြုံရေးအမှုဆောင်အရာရှိချုပ် ဗီဂျေယာ ဂဒ်ဒီတို့ကိုလည်း ရာထူးမှထုတ်ပယ်ခဲ့ကြောင်း သတင်းများအရ သိရသည်။

တွစ်တာ၏ အထွေထွေအကြံပေး Sean Edgett ကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်ကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းဌာနကက ဖော်ပြခဲ့သည်။

အပြီးသတ် ဝယ်ယူရန် ချိန်းဆိုထားသော သောကြာနေ့ မတိုင်မီ တွစ်တာပေါ်တွင် တင်ခဲ့သော ပို့စ်အရှည်တစ်ခု၌ မက်စ်က တွစ်တာကို လူတိုင်းအတွက် နောက်ဆက်တွဲဆိုးကျိုး မရှိဘဲ ပြောချင်တိုင်း ပြောလိုရမည့် နေရာအဖြစ်သို့ ပြောင်းလဲမည်ဟူသော ရည်ရွယ်ချက်အပေါ် ငြင်းဆိုခဲ့သည်။

“ကျွန်တော် တွစ်တာကို ဝယ်ယူရတဲ့ အကြောင်းရင်းကတော့ ယုံကြည်ရာ အမျိုးမျိုးကို အကြမ်းမဖက်ဘဲ ကောင်းကောင်းမွန်မွန်နဲ့ အခြေအတင် ဆွေးနွေးနိုင်မယ့် အများသုံး ဒစ်ဂျစ်တယ် မြို့ရင်ပြင်တစ်ခု ရှိဖို့က လူ့ယဉ်ကျေးမှုရဲ့ အနာဂတ်အတွက် အရေးကြီးလို့ပါ” ဟု မက်စ်က ပြောကြားခဲ့သည်။

source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here