နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ အဆိုတော် ပိုပိုဟာ ယနေ့
အောက်တိုဘာ (၂၈) ရက်မှာ ပြန်လည် လွတ်မြောက်လာကြောင်း သူမရဲ့မန်နေဂျာထံမှသိရပါတယ်။
အဆိုပါအကြောင်းနဲ့ ပတ်သက်ပြီး အဆိုတော် ပိုပိုရဲ့မန်နေဂျာက
“မပိုပိုအခုအိမ်ပြန်ရောက်နေပါပြီ နေကောင်းကျန်းမာစွာရှိနေပါတယ်” လို့ ပြောပါတယ်။
အဆိုတော် ပိုပိုသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဝရမ်း ထုတ်ခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက် ညနေပိုင်းတွင် သူမရဲ့ နေအိမ်မှာ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။