ပြည်ကြီးတံခွန်မြို့နယ်တွင် အမျိုးသားတစ်ဦး ပိတောက်ပင်ပေါ်မှတဆင့် သစ်သားငုတ်ပေါ်ပြုတ်ကျပြီးသေဆုံး

0
426

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊ ၆၁(B) လမ်း၊ ၁၂၄ လမ်းနှင့် ၁၂၅ လမ်းကြားတွင် အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

နံနက် ၈ နာရီခွဲခန့်က ၁၂၄ လမ်းနှင့် ၁၂၅ လမ်း ကြားတွင် အသက်(၃၃)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ပိတောက်ပင်ပေါ်တက်၍ ပန်းခူးစဥ်ကိုင်းကျိုးကျပြီး မြေပြင်ရှိသစ်ငုတ်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုတ်ကျသွားသဖြင့် ယင်း အမျိုးသားမှာ ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သည်ဟု ရွှေမဥ္ဇူပရဟိတလူမှုကူ ညီရေးအသင်းမှ သိရသည်။

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားပြီးနောက် ရုပ်အလောင်းအား ၎င်း၏နေအိမ်သို့ ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here