ချောက်တွင် ရပ်ထားသည့် ၁၂ ဘီးကုန်တင်ကားအား CANTER ကားကနောက်မှဝင်တိုက်ရာ ၇ ဦးသေဆုံး

0
296

မကွေးတိုင်း၊ချောက်မြို့နယ်၊သြဇာတောကျေးရွာအနီးရှိ ရေနံချောင်း-ကျောက်ပန်းတောင်းသွားကားလမ်းတွင် အောက်တိုဘာ ၂၉ ရက်(ယနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက် ၅ နာရီ ၅၅ မိနစ်ခန့်က ချောက်မြို့ နယ်၊ဩဇာတောကျေးရွာအနီးရှိ ရေနံချောင်း- ကျောက်ပန်းတောင်းသွားကားလမ်း၏ မိုင်တိုင်အမှတ်(၃၇၈/၇)အနီးတွင် ရပ်ထားသည့် FUSO (အဖြူကြား) ၁၂ ဘီးကုန်တင်ကအား CANTER (အဖြူရောင်)ကားက အနောက်မှဝင်တိုက်မိခဲ့သည်။

သတင်းအရ ချောက်မြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ဂွေးချိုနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူ ညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် CANTER ကားပေါ်တွင် လိုက်ပါလာသူ ၁၉ ဦးအနက် အမျိုးသား ၃ ဦးနှင့်အမျိုး သမီး ၄ ဦး(စုစုပေါင်း ၇ ဦး)မှာလထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

ထို့ပြင် အမျိုးသား ၇ ဦးနှင့်အမျိုးသမီး ၅ ဦး (စုစုပေါင်း ၁၂ ဦး)တို့တွင်လည်း ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရနှင့်မစိုးရိမ်ရ)များရရှိခဲ့သဖြင့် အရန်မီးသတ်၊မနောဖြူလူမှုကူညီရေးအသင်း၊သုဂတိရှင်လူမှုကူညီရေးအသင်း၊သုခိတာလူမှုကူညီရေးအသင်းကားများဖြင့် ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“CANTER ကအရှိန်များတယ်နဲ့တူတယ်ဗျ ကားခေါင်းခန်းမှာညပ်နေတဲ့လူတွေကို မနည်းဆွဲထုတ်ကယ်ခဲ့ရတယ်”ဟု ကူညီကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here