ဒုတိယအကြိမ်ကထိန်အလှူမှာ လူအယောက် (၁၀၀၀)စာ စတုဒိသာကျွေးမွေးလှူဒါန်းခဲ့တဲ့ သရုပ်ဆောင် နေဆန်းမိသားစု 

0
339

ယနေ့ အောက်တိုဘာလ (၂၉)ရက်နေ့ ၊ စနေနေ့ နံနက်ပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ နန္ဒိယာရာမ မိုးကုတ်ဓမ္မရိပ်သာကျောင်းတိုက်မှာ  သရုပ်ဆောင် နေဆန်းနဲ့ဇနီးဖြစ်သူ မချောစု ၊ သားဖြစ်သူ မောင်ဘုန်းမဂ္ဂကောင်း ၊ သမီး မနေနုလင်း တို့မိသားစုမှ ဒုတိယမြောက် ကထိန်အလှူတော်မင်္ဂလာမှာ လူအယောက် (၁၀၀၀)စာ စတုဒိသာအလှူအဖြစ်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ 

အခုလိုလှူဖြစ်တာနဲ့ ပတ်သက်ပြီး သရုပ်ဆောင်နေဆန်းရဲ့ဇနီးဖြစ်သူမှ 

” ကထိန်အလှူအနေနဲ့ကတော့ ဒီကာလရောက်ပြီဆိုကြိုးစားပြီး လှူတယ် ဒီနန္ဒိယာရာမ ကျောင်းမှာ လှူဖြစ်တာ ၂ ကြိမ်မြောက်ရှိပါပြီ နှစ်တိုင်းလှုဖြစ်အောင်ကြိုးစားသွားမယ် ” လို့ပြောပါတယ်။ 

အဆိုပါအလှူကိုလာရောက်ကြတဲ့ ဧည့်ပရိသတ်များအတွက် စတုဒိသာအဖြစ် ထမင်း ကြက်သားဟင်း ချစ်တီးပဲဟင်း ငါးဖယ် အပြင် သတ်သတ်လွတ်စားတဲ့သူတွေအတွက်ပါ စီစဥ်ပေးထားတာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here