နေပြည်တော် သွားနှင့်ခံတွင်းရောဂါအထူးကုဆေးရုံ၌ နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအား အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ခွဲစိတ်ကုသပေးသွားမည်

0
260

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်၊သွားနှင့်ခံတွင်းရော ဂါအထူးကုဆေးရုံရှိ ခွဲစိတ်ကုသဆောင်တွင် ကျန်းမာရေးဝန်ကြီးဌာနနှင့် Japan Heart အဖွဲ့တို့ပူးပေါင်း၍ သွားနှင့်ခံတွင်းအထူးကုဆရာဝန်များက နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာများအား အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် နှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ ၄ ဦးအား ယင်းဆေးရုံကြီး၌ အောင်မြင်စွာအခမဲ့ခွဲစိတ်ကုသပေးခဲ့ကြကြောင်း သိရသည်။ 

ကျန်းမာရေးဝန်ကြီးဌာန၊သွားနှင့်ခံတွင်းအထူးကု ဆရာဝန်ကြီးဒေါက်တာခင်မောင် ဦးဆောင်သည့် သွားနှင့်ခံတွင်းဆရာဝန် ၁၄ ဦး၊ Japan Heart အ ဖွဲ့မှ မျက်နှာ၊မေးရိုး၊ခံတွင်းခွဲစိတ်ဆရာဝန် Dr. Naoko KISHI တို့က ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာန၊ကုသရေးဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာ(MOU)လက်မှတ်ရေးထိုးထားသည် Japan Heart အဖွဲ့သည် ၂၀၀၄ ခုနှစ်မှစ၍ ဆေးပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်။

၂၀၁၉ ခုနှစ်မှစတင်၍ ပါမောက္ခ Dr. Mikihik KOGO ဦးဆောင်သည့် ဂျပန်နိုင်ငံမှ မျက် နှာ၊မေးရိုး၊ခံတွင်းခွဲစိတ်ဆရာဝန်များနှင့်မြန်မာ နိုင်ငံမှ သွားနှင့်ခံတွင်းဆရာဝန်များပူးပေါင်း၍ မွေးရာပါနှုတ်ခမ်းကွဲ၊အာခေါင်ကွဲလူနာ ၃၀၀ ဦးခန့်အား အခမဲ့ခွဲစိတ်ကုသမှုများ ပြုလုပ်ခဲ့ပြီးဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here