ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီးပက် လက်လန်တိမ်းမှောက်၍ သွားရောက်ကူညီစဥ် ကားပေါ်၌တစ်ဦးမှမတွေ့ရှိခဲ့

0
810

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် အောက်တိုဘာ ၂၉ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်-မန္တ လေးအမြန်လမ်းမကြီး၏ ဘောနီအမြန်လမ်းမီး သတ်စခန်းအပိုင် မိုင်တိုင်အမှတ်(၅၄/၀)နှင့်(၅၄/ ၁)ကြားတွင် Toyota Succeed(ခဲရောင်)ကား သည် လမ်းလယ်ကျွန်းရှိ Guard-Rail တန်းအားတိုက်မိပြီး ပက်လက်လန်တိမ်းမှောက်ခဲ့သည်။

ဖြစ်စဥ်အား ဘောနီအမြန်လမ်းမီးသတ်စခန်းနှင့်ဘောနီအမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရန် သွား ရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာ၌ တိမ်းမှောက်နေသည့် ကားကိုသာတွေ့ရှိခဲ့ရပြီး ကားပေါ်နှင့်အနီးပတ်ဝန်းကျင်၌ ကားမောင်းသူ အပါအဝင် လိုက်ပါလာသူများအား တွေ့ရှိခဲ့ခြင်းမရှိကြောင်း အမြန်လမ်းမီး သတ်တပ်ဖွဲ့မှ သိရသည်။

ထို့ကြောင့် တိမ်းမှောက်နေသည့်ကားအား ပြန် လည်တည့်မတ်၍ ဥပဒေနှင့်အညီဆက်လက်ဆောင်ရွက်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here