ရခိုင်ပြည်နယ်တွင် ပထမဆုံးတည်ဆောက်နေသည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်ပြီးစီးမည်

0
502

ရခိုင်ပြည်နယ်၊သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးမှ အ ကောင်အထည်ဖော်တည်ဆောက်လျက်ရှိသည့်  ပြည်နယ်၏ပထမဆုံး သဌေးရေအားလျှပ်စစ်စီမံကိန်းသည် လက်ရှိအချိန်၌ ၇၃ ဒသမ ၂၉ ရာ ခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဌေးရေအားလျှပ်စစ်စီမံကိန်းသည်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်လျှင် ၇၆ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံးပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်း၏ ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအ စား(ကျောက်ဖြည့်တမံ)ဖြစ်ပြီး ကန်ရေပြည့် ရေသိုလှောင်ပမာဏ ၆ ဒသမ ၉၆ သိန်း ဧကပေရှိကာ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက် ၃ လုံးဖြင့် စုစုပေါင်းစက်တပ်ဆင်အင် အား ၁၁၁ မဂ္ဂါဝပ်ရှိကာ ၁ နှစ်လျှင် ပျမ်းမျှလျှပ် စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်၍ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့်နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင်အ ထည်ဖော်ဆောင်ရွက်ခြင်းဖြစ်သည်။

ယင်း စီမံကိန်းဖော်ဆောင်နေမှုအား အောက်တို ဘာ ၂၉ ရက်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်မှတာဝန်ရှိသူများနှင့်အတူ လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားများကို ဖြည့် ဆည်းပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကာ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာသည့် ရေအားအရင်းအမြစ်များစွာရှိသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆက်လက်စီမံ ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

“စီမံကိန်းပြီးစီးရင် ဒေသခံတွေအလုပ်အကိုင် အ ခွင့်အလမ်းများစွာရရှိမှာဖြစ်တဲ့အပြင် ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားနဲ့ ဒေသအခြေခံ ခရီးသွားလုပ်ငန်းတွေကို တိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တမံရှုရပ်မှနေ၍ စီမံကိန်းဧရိယာအတွင်း ပင်မတမံတည် ဆောက်ပြီးစီးမှု၊ရေယူအဆောက်အအုံဆောက် လုပ်နေမှု၊ဓာတ်အားပေးစက်ရုံတည်ဆောက်တပ်ဆင်နေမှု၊သိုလှောင်ရုံဝင်းအတွင်းစီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်မှု၊လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ စီမံကိန်းပင်မတမံ ရေဝပ်ဧရိ ယာအတွင်းကျရောက်သည့် ပုရစ်ကျေးရွာနှင့်ရေကောက်ကျေးရွာများ၏ ရွှေ့ပြောင်းပြန်လည်နေ ရာချထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here