ဆိုးလ် Halloween ပွဲတော်လူအုပ်ပြိုမှုကြောင့် ၁၅၁ ဦး ထက်မနညိးသေဆုံး

0
238

ဆိုးလ်၊အောက်တိုဘာ ၃၀

တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် ဆိုးလ်မြို့၏ Halloween ပွဲတော်တွင် လူအုပ်ပြိုမှုကြောင့်လူပေါင်း ၁၅၁ ဦးသေဆုံးခဲ့ရပြီးနောက် အောက်တိုဘာ ၃၀ ရက် တနင်္ဂနွေနေ့၌ နိုင်ငံတော်၏ဝမ်းနည်းခြင်းကာလအဖြစ် ကြေငြာခဲ့သည်။

မစ္စတာယွန်းသည် သေဆုံးသူအများစုဖြစ်သည့်ဆယ်ကျော်သက်များနှင့် အသက် ၂၀ အရွယ်ရှိသူများနှင့် ဒဏ်ရာရရှိသူများကိုအမြန်ပြန်ကောင်းလာစေရန်လည်း ဆန္ဒပြုဆုတောင်းခဲ့သည်။ “ဒါဟာတကယ့်ကိုကြေကွဲစရာပါပဲ” ဟု ၎င်း၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ “မနေ့ကဆိုးလ်မြို့မှာ  မဖြစ်သင့်တဲ့ ကြေကွဲစရာဘေးအန္တရာယ်တစ်ခုဖြစ်ပွားခဲ့ပါတယ်” ဟုလည်းဆိုသည်။

မြို့တော်ရဲ့နာမည်ကြီး အီထယ်ဝန်းခရိုင်မှာ စနေနေ့ညက Halloween ပွဲတော်ကိုလူပေါင်း ၁၀၀,၀၀၀ လောက်လာရောက်ခဲ့ကြပြီး လူများလွန်းတာကြောင့်လမ်းကျဉ်းတွေ အကွေ့အကောက်လမ်းများပိတ်ဆို့ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များကဆိုသည်။

Yongsan မီးသတ်စခန်းအကြီးအကဲ Choi Sung – beom ကမူနိုင်ငံခြားသား ၁၉ ဦးအပါအဝင် သေဆုံးသူ ၁၅၁ ဦးကိုအတည်ပြုနိုင်ခဲ့ကြောင်းပြောကြားခဲ့သည်။လူ ၈၂ ဦးဒဏ်ရာရရှိခဲ့ပြီး ၁၉ ဦးပြင်းထန်ကြောင်း အခင်းဖြစ်ပွားရာနေရာ၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်၎င်းကပြောကြားခဲ့သည်။

ယခုဖြစ်စဉ်သည် ကိုဗစ်ကန့်သတ်ချက်များနှင့် စည်းမျဉ်းများကိုရုပ်သိမ်းလိုက်ပြီးနောက် သုံးနှစ်အတွင်းပထမဆုံးကျင်းပသည့် Halloween ပွဲတော်တွင်ဖြစ်ချင်းဖြစ်သည်။ပါတီသို့လာသူအများစုသည် မျက်နှာဖုံးများနှင့် Halloween အဝတ်အစားများကိုလည်း ဝတ်ဆင်ထားကြသည်။

သေဆုံးသူအများစုသည် အသက် ၂၀ အရွယ်ရှိအမျိုးသမီးများဖြစ်ကြပြီး အချို့သောသေဆုံးသူများမှာ တရုတ်၊အီရန်၊ဥဇဘတ်ကစ္စတန်နှင့်နော်ဝေးတို့မှ ပြည်သူများလည်းပါဝင်ကြောင်းသိရှိရသည်။ “လူတွေကတခြားသူတွေရဲ့အပေါ် အလွှာလိုက်အလွှာလိုက်ဖြစ်နေပြီး အထပ်လိုက်ပုံထားသလိုဖြစ်နေတာပါ။အဲ့လိုဖြစ်နေတဲ့အချိန်တစ်ချို့ကတော့ အသက်ဆုံးရှုံးသွားရတဲ့ပုံပေါ်ပြီး အချို့ကသတိလစ်သွားကြတယ်” ဟု မျက်မြင်သက်သေတစ်ဦးကပြောကြားခဲ့သည်။

သမ္မတယွန်းက တာဝန်ရှိသူများအားရှေးဦးသူနာပြုအဖွဲ့များစေလွှတ်ကာ ထိခိုက်ခံစားရသူများအတွက် ဆေးရုံကုတင်များအမြန်ရရှိစေရန်တာဝန်ရှိသူများအား အမိန့်ပေးခဲ့ကြောင်းသမ္မတရုံးကပြောကြားခဲ့သည်။အီထယ်ဝန်းခရိုင်သည် တောင်ကိုရီးယားလူငယ်များနှင့် ပြည်ပနေထိုင်သူတွေကြား ရေပန်းစားသည်ဟုသိရှိရသည်။

ကပ်ရောဂါကြောင့် သုံးနှစ်တာကာလအတွင်း စီးပွားရေးများသိသိသာသာကျဆင်းလာပြီးနောက် ၎င်း၏ဘားများနှင့်စားသောက်ဆိုင်ဒါဇင်ပေါင်းများစွာတို့သည် စနေနေ့က Halloween ပွဲအတွက် ပြည့်ကျပ်နေကြသည်။တာဝန်ရှိသူများကလည်း ယခုဖြစ်စဉ်အတွက် အကြောင်းအရင်းတိတိကျကျကိုစုံစမ်းနေကြောင်းသိရှိရသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here