ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကိုယ်ပိုင်ကားဘီးပေါက်၍ လမ်းကာရံထားသည်များကိုဝင်တိုက် ၁ ဦးသေဆုံး ကားမောင်းသူ ဒဏ်ရာရ

0
282

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် အောက် တိုဘာ ၃၀ ရက်(ယနေ့)နံနက်ပိုင်းက ကိုယ်ပိုင် ကားဘီးပေါက်၍ လမ်းကာရံထားသည်များကို ဝင်တိုက်မိခဲ့သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီမှ သိရသည်။

ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၆၃/၀ အနီးတွင် ကိုယ် ပိုင်ကားတစ်စီးသည် ဘီးပေါက်ကာအရှိန်မထိန်းနိုင်ဘဲ လမ်းအားကာရံထားသည်များကို ဝင်တိုက်မိခဲ့သည်။

ဖြစ်စဥ်ကြောင့် ကားခေါင်းခန်း၌ လိုက်ပါလာသည့် အမျိုးသားမှာညှပ်၍ အခင်းဖြစ်နေရာ၌ သေ ဆုံးသွားခဲ့ပြီး ကားမောင်းသူတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် ကားပေါ်မှာ ၃ ယောက်ပါတယ် တစ်ယောက်သေတယ်ကားနဲ့ညပ်ပြီး သူ့ဘက်ကဝင်တိုက်မိတာပါ”ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီ၏ တာဝန်ရှိသူတစ်ဦးကပြော သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူတို့အား မြန်မာနိုင် ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးနှင့်ရုပ်အလောင်းအား ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီ


LEAVE A REPLY

Please enter your comment!
Please enter your name here