ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး-ရန်ကုန်တွင် ကလေးနှလုံးအထူးကုဆရာဝန်ကြီးများက မွေးရာပါနှလုံးရောဂါဝေဒနာရှင်ကလေးလူနာ ၁၃ ဦးအား ခွဲစိတ်ရန်မလိုဘဲ အောင်မြင်စွာကုသပေးနိုင်ခဲ့

0
278

ကျန်းမာရေးဝန်ကြီးဌာန၏ ခုတင်(၅၅၀)ဆံ့က လေးဆေးရုံကြီး-ရန်ကုန် နှလုံးကုသဆောင်၌ ပါ မောက္ခဒေါက်တာခင်မောင်ဦး၊ပါမောက္ခ(ကလေးနှလုံး)ဦးဆောင်သည့် ကလေးနှလုံးရောဂါအထူးကုဆရာဝန်များသည် ဗီယက်နမ်နိုင်ငံ၊ဟိုချီမင်းမြို့၊ Children Hospital(1)မှ ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin နှင့်ပူးပေါင်း၍ကုသပေးခဲ့ကြခြင်းဖြစ်သည်။

မွေးရာပါနှလုံးရောဂါ ကလေးလူနာများအား ခွဲ စိတ်ရန်မလိုဘဲ နှလုံးပိုက်သွင်းစမ်းသပ်ကုသစက် (Cardiac Catheterization Laboratory)ဘောလုံးဖြင့်ချဲ့၍ကုသခြင်း၊အဆို့ဖြင့်ပိတ်၍ကုသခြင်းများအားပြုလုပ်ခဲ့ကြပြီး မွေးရာပါနှလုံးရောဂါရှင် ကလေးလူနာ ၁၃ ဦးအား အောင်မြင်စွာကုသပေးခဲ့ကြသည်။

ထို့ပြင် ကလေးနှလုံးအထူးကုဆရာဝန် Dr. Do Nguyen Tin သည် ခုတင်(၅၅၀)ဆံ့ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးဆေးကုသဆောင်၌ ကလေးနှ လုံးအထူးကုဆရာဝန်များနှင့်အတူ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီ ၁ ရက်မှအောက်တိုဘာ ၁၂ ရက်အထိ ပြင်ပကလေးလူနာ ၂၆၃၇၀ ဦးအားကြည့်ရှုစစ် ဆေးကုသပေးခဲ့သည်။

နှလုံးပုံရိပ်ဖော်စက်ဖြင့်ကုသမှု (Echocardiogram)ဖြင့် ကလေးလူနာ ၁၄၅၂ ဦး၊  နှလုံးပိုက်သွင်း၍ကုသမှု(Cardiac Catheterization Procedure)ဖြင့် ကလေးနှလုံးလူနာ ၆၇ ဦးတို့အား ကုသမှုများပြုလုပ်ပေးခဲ့သည်။

ကလေးနှလုံးရောဂါကုသခြင်းများကို ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီး-ရန်ကုန် နှလုံးဆေး ကုသဆောင်တွင် ကလေးနှလုံးအထူးကုဆရာဝန်များကိုယ်တိုင်၊ နိုင်ငံခြားမှကျွမ်းကျင် ကလေးနှလုံးအထူးကုဆရာဝန်များအား ဖိတ်ခေါ်ကုသခြင်းများအား ပြုလုပ်လျက်ရှိရာ ၂၀၁၅ ခုနှစ်၊ဩဂုတ် လမှယနေ့အထိ နှလုံးရောဂါဝေဒနာရှင် ကလေးလူနာ ၁၃၉၀ ဦးအား အောင်မြင်စွာကုသနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here