ဗိုလ်မှူးချုပ်အုန်းသွင်(ငြိမ်း)နှင့်သမက်ဖြစ်သူတို့အား လုပ်ကြံသတ်ဖြတ်မှုအပါအဝင် အခြားဖြစ်စဥ်များအားကျူးလွန်ခဲ့ကြသည့် Inya Urban Force-IUF အဖွဲ့ဝင် ၁၀ ဦးအားဖမ်းဆီးရမိ

0
855

ဗိုလ်မှူးချုပ်အုန်းသွင်(ငြိမ်း)နှင့်သမက်ဖြစ်သူတို့အား လုပ်ကြံသတ်ဖြတ်မှုအပါအဝင် ရန်ကုန် တိုင်းအတွင်း၌ ပစ်ခတ်သတ်ဖြတ်မှုများနှင့်ဖောက်ခွဲမှုများပြုလုပ်ခဲ့ကြသည့် Inya Urban Force-IUF အဖွဲ့ဝင် ၁၀ ဦးအား အောက်တိုဘာ ၁ ရက်မှစတင်၍ အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

လုံခြုံရေးအဖွဲ့ဝင်များသည် စက်တင်ဘာ ၂၄ ရက်နေ့လည်ပိုင်းက လှိုင်မြို့နယ်၊အမှတ်(၁၂)ရပ် ကွက်၊အောင်ဓမ္မရိပ်သာလမ်း၊အိမ်အမှတ် (၄/၂၈-က)နေ ဗိုလ်မှူးချုပ်အုန်းသွင်(ငြိမ်း)နှင့် ၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့ လုပ်ကြံသတ်ဖြတ်ခံရမှုအား စုံစမ်းစစ်ဆေးရာမှ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် ကျော်ကောင်းထက် (ခ)ကောင်းထက်(ခ)အောင်နိုင်မိုးအား အောက်တို ဘာ ၁ ရက်တွင် ဗဟန်းမြို့နယ်၊တက္ကသိုလ်ရိပ်သာလမ်း၊ဖူဆန်တရုတ်ဘုံကျောင်းအနီး၌ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာမှ ဥက္ကာဖြိုး(ခ) ဖ ရန့်(ခ)အုပ်ကြီး၊ဇင်မေလတ်(ခ)ရတီ(ခ)ဧပရယ်၊သန်းထက်ဇင်(ခ)မိုးစက်၊ညီညီချစ်ထူး(ခ)မိုင်း၊ရွှန်းလဲ့ဝေ(ခ)ဟာနာ(ခ)နောဝိုင်၊နေရှိုင်း(ခ)ရှိုင်းထက်၊သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်၊ပန်းအိအိကျော်(ခ)အိန္ဒြာ၊ဇေယျာလင်းထက်(ခ)ဟန်လင်းထက် တို့အားအသီးသီးထပ်မံဖမ်းဆီးရမိခဲ့သည်။ 

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ စက်တင် ဘာ ၂၄ ရက်က သန်းထွဋ်ပိုက်(ခ)ကိုစိုင်း(ခ)ဂျိုးမိုက်နှင့်နေရှိုင်း(ခ)ရှိုင်းထက်တို့သည် ဗိုလ်မှူးချုပ်အုန်းသွင်(ငြိမ်း)နှင့်၎င်း၏သားမက်ဖြစ်သူ ကိုရဲတေဇတို့အား ပစ္စတိုဖြင့်ပစ်ခတ်လုပ်ကြံခဲ့ပြီး ကျော်ကောင်းထက်(ခ)ကောင်းထက်(ခ)အောင်နိုင်မိုး၊ဥက္ကာဖြိုး(ခ)ဖရန့်(ခ)အုပ်ကြီး၊ဇေယျာလင်းထက်(ခ)ဟန်လင်းထက်၊ဇင်မေလတ်(ခ)ရတီ(ခ)ဧပရယ်နှင့်ပန်းအိအိကျော်(ခ)အိန္ဒြာတို့မှ အခြေအ နေစောင့်ကြည့်ပေးခဲ့ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့အတူ ရန်ကုန်တိုင်းအတွင်း၌ အရပ်သားပြည်သူများအား လုပ်ကြံသတ်ဖြတ်မှုများနှင့်ဖောက်ခွဲဖျက်ဆီးမှုများကိုလည်း ဖော်ထုတ်သိရှိခဲ့ရကြောင်း နစက ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်း ဆီးရမိရေးအတွက် ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here