မြန်မာ ကိုယ်စားလှယ်မပါဝင်သည့် ကုလ၏ ဆွေးနွေးမှုများကို  ပြင်းထန်စွာရှုတ်ချပြီး ကန့်ကွက်ပယ်ချကြောင်း နစကထုတ်ပြန်

0
379

နစက ၏နိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမ ဂ္ဂ၏ဘက်မလိုက်သော ပညာရှင်ပီသသော ဝိသေ သလက္ခဏာများပျက်စီးနေသည့် အစီရင်ခံစာများနှင့်ဆွေးနွေးမှုများနှင့်ပတ်သက်၍  မြန်မာနိုင် ငံက ပြင်းထန်စွာရှုတ်ချ၍ ပြတ်သားစွာကန့်ကွက်ပယ်ချသည်ဟု အောက်တိုဘာ ၃၀ ရက်ကထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်၌ (၇၇)ကြိမ်မြောက် ကုလသမဂ္ဂအ ထွေထွေညီလာခံ၊တတိယကော်မတီ(လူမှုရေး၊လူ သားချင်းစာနာထောက်ထားမှုနှင့်ယဉ်ကျေးမှုကော်မတီ)၌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer နှင့်မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာအ ထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews တို့၏ အစီရင်ခံစာများအပေါ် အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့က အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဟု ရေးသားထားသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ၏အစီရင်ခံစာပါ အကြောင်းအရာ တစ်ခုလုံးနီး ပါးသည် ကုလသမဂ္ဂအမည်ခံ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးကိစ္စအတွက် လုပ်ပိုင်ခွင့်ပေးအပ် ထားသည်ဆိုသူများ၏ သိမ်းကြုံးစွပ်စွဲပြောကြားချက်များကို တိုက်ရိုက်ပြန်လည်ဖော်ပြထားခြင်းသာဖြစ်သည်ဟု ရေးသားထားသည်။

ထို့ပြင် မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ Thomas Andrews ၏ အစီရင်ခံစာတွင်လည်း အပြုသ ဘောဆောင်သည့် ဖော်ပြချက်တစ်ခုတစ်လေမျှမပါဝင်ဘဲ အပျက်သဘောဆောင်သည်များကိုသာ ချဲ့ကားဖော်ပြထားသည်ကိုတွေ့ရသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်းကို ဦး တည်သည့် ဆုံးဖြတ်ချက်အဆိုများကို အစဉ်တ စိုက်ဆန့်ကျင်ခဲ့ပြီး ယင်း ရည်ရွယ်ချက်ဖြင့် ခန့် အပ်၍ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်များကိုလည်း မည်သည့်အခါကမှ လက်ခံခဲ့ခြင်းမရှိဘဲ Thomas Andrews အား မြန်မာနိုင်ငံလူ့အခွင့်အ ရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူအဖြစ် ခန့်အပ်မှုအပေါ်တွင်လည်း အသိ အမှတ်ပြုခြင်းမရှိသည့်အပြင် ပြည်ဝင်ခွင့်လည်း မပြုခဲ့ဟု ထုတ်ပြန်ချက်၌ရေးသားထားသည်။

၎င်းတို့၏ အစီရင်ခံစာများနှင့်ရှင်းလင်းတင်ပြချက်များသည် အကြမ်းဖက်အဖွဲ့များ ယင်း အ ကြမ်းဖက်အဖွဲ့များအား အထောက်အကူပြုနေသည့် လူမှုအဖွဲ့အစည်းအမည်ခံများနှင့်လက်နက် ကိုင်အဖွဲ့အစည်းများ၏ အခြေအမြစ်မရှိ၊မှန်ကန်မှုမရှိသည့် နှုတ်ပြောစကားများအပေါ် အခြေခံထားသည့် စင်စစ်အားဖြင့် ဖော်ပြပါအဖွဲ့များ သည် ပြည်ပအဖွဲ့အစည်းအချို့ထံမှ တရားမဝင်အကူအညီများရရှိနေကြောင်းလည်း တွေ့ရှိရသည်ဟု ရေးသားထားသည်။

ကုလသမဂ္ဂမှ မြန်မာနိုင်ငံအရေးကျွမ်းကျင်သူ များဟုဆိုသူများမှ ကချင်ပြည်နယ်၊အနန့်ပါ၌ အောက်တိုဘာ ၂၃ ရက်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အား တစ်ဖက်သတ်မမှန်မကန် ဖန်တီးလုပ်ကြံထားသည့် သတင်းများနှင့်စွပ်စွဲချက်များကို အ ခြေခံ၍ မီးမောင်းထိုးပုံကြီးချဲ့ပြောကြားခဲ့သည်။

သို့ရာတွင် အောက်တိုဘာ ၁၂ ရက်က KNLA တပ် မဟာ(၁)နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF အဖွဲ့ဝင်များက ကျိုက်ထီးရိုးစေတီ၌ ဘုရားဖူးသူ များအား ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် သေ ဆုံးခဲ့မှုနှင့်အောက်တိုဘာ ၂၁ ရက်က KNU/ KNLA တပ်မဟာ(၆)လက်အောက်ခံတပ်ရင်းများ၊ KKO ခွဲထွက်အဖွဲ့နှင့် NUG CRPH တို့၏လက်ဝေခံ PDF အဖွဲ့များက ကော့ကရိတ်မြို့ရှိ လူနေရပ်ကွက်များသို့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးခဲ့မှုတို့ကိုမူ နှုတ်ဆိတ်နေခဲ့ကြသည်ဟု ထုတ်ပြန်ချက်၌ ရေး သားထားသည်။

ထို့ပြင် ပြည်သူ ၄၀၇၃ ဦးကို သတ်ဖြတ်ခဲ့သည့် အ ကြမ်းဖက်တိုက်ခိုက်မှုများ အပေါ်မျက်ကွယ်ပြု လျစ်လျူရှုခဲ့ကြသဖြင့် ကုလသမဂ္ဂအမည်ခံ အ ထူးကိုယ်စားလှယ်နှင့်အထူးအစီရင်ခံစာတင်သွင်းသူများ၏ ဆောင်ရွက်ချက်များသည် ဓမ္မဓိ ဋ္ဌာန်ကျမှုမရှိဘဲ ဘက်လိုက်မှုရှိကြောင်းတွေ့ရသည်ဟု ရေးသားထားသည်၊

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ မှန်ကန်မှုမရှိသည့် သတင်းအချက်အလက်များနှင့်ချဲ့ကားထားသည့် အချက်များကိုအခြေခံ၍ နိုင်ငံတကာ ၏အာရုံစိုက်မှုရရှိရန် ရည်ရွယ်ကာ အောက်တို ဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့တွင် တတိယကော်မ တီအစည်းအဝေးများ၌ ပြုလုပ်ခဲ့သည့် အပြန်အ လှန်ဆွေးနွေးမှုများသည် ကုလသမဂ္ဂအနေဖြင့် ဘက်မလိုက်သော၊ပညာရှင်ဆန်သော ၎င်း၏ ကိုယ်ပိုင်ဝိသေသလက္ခဏာများကို ကိုယ်တိုင်ပြန် လည်ဖျက်ဆီးနေသည့် ဂုဏ်သရေညှိုးနွမ်းစေ သောလုပ်ရပ်များသာဖြစ်သည်။

ကုလသမဂ္ဂတွင် တန်းတူညီမျှမှုရှိရမည်ဆိုသည့် မူဝါဒအား အဖွဲ့ဝင်နိုင်ငံများအားလုံးက ကုလသမဂ္ဂထံအပ်နှင်းထားပြီး ယင်း မူဝါဒများနှင့်အညီ ထိန်း သိမ်းရပ်တည်ပေးကြသည့် အဖွဲ့ဝင်နိုင်ငံများအား မြန်မာနိုင်ငံကကျေးဇူးတင်ကာ ချို့ယွင်းမှုများရှိသည့် အစီရင်ခံစာများ၊မြန်မာနိုင်ငံကိုကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များပါဝင်ခြင်းမရှိသည့် အပြန်အလှန်ဆွေးနွေးမှုများနှင့်နိုင်ငံအချို့ ၏ မြန်မာနိုင်ငံပြည်တွင်းရေး စွက်ဖက်ပြောကြားချက်များကိုမြန်မာနိုင်ငံကပြင်းထန်စွာရှုတ်ချ၍ ပြတ်သားစွာ ကန့်ကွက်ပယ်ချသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here