စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းစျေးနှုန်းတစ်ပိဿာ ၄၂၂၅ ကျပ်သတ်မှတ် ပြင်ပတွင်ဝယ် ယူရသည့် တစ်ပိဿာစျေးနှုန်းနှင့်အနည်းငယ်ကွာဟ

0
193

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၂၂၅ ကျပ် ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

ပြင်ပတွင်ဝယ်ယူရသည့် စားအုန်းဆီတစ်ပိဿာစျေးနှုန်းနှင့်အနည်းငယ်ကွာဟပြီး ပြင်ပ၌စားအုန်းဆီတစ်ပိဿာလျင် ၆၈၀၀ ကျပ်ဖြစ် သည်ဟု ကုန်စုံဆိုင်များမှ စုံစမ်းသိရှိရသည်။

ပြင်ပကုန်စုံဆိုင်များ၌ စားအုန်းဆီရောင်းချရာတွင် လက်လီရောင်းချမှုများလည်းရှိကာ ၁ လီတာရေသန့်ဗူးများအတွင်းထည့်၍ ဗူးလိုက်စျေးနှုန်းသတ်မှတ်၍ ရောင်းချခြင်းများလည်းရှိကြောင်း သိရသည်။

“အခု စျေးက ၆၈၀၀ ရှိတယ် ရေသန့်ဗူး ၁ လီတာဗူးဆိုရင် အန်တီတို့က ၃၅၀၀ နဲ့ရောင်းတယ် ရေသန့်ဗူးက ၆၀ သားလောက်ပါတယ် အန်တီတို့က သတ်မှတ်ထားတဲ့ စားအုန်းဆီစျေးနှုန်းအတိုင်းဝယ်ရတာမဟုတ်တော့ ဝယ်ရတဲ့စျေးအပေါ်မူတည်ပြီး ပြန်ရောင်းရတာပေါ့”ဟု ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်း ဖြစ်ပေါ်မှုများအရ တစ်ပိဿာလျင် ၄၂၂၅ ကျပ်အဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီတင်သွင်းရာတွင် ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရန် ထိန်းသိမ်းစောင့်ကြည့်လျက်ရှိသည်။

ထိုသို့ပြုလုပ်ရာ၌ စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဥ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခစရိတ်များ၊ဘဏ်စရိတ်များ၊အခွန်အခများအားထည့် သွင်းတွက်ချက်၍ ပြည်တွင်း၌ ရောင်းဝယ် ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ထို့ပြင် ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့်မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါကလည်း အရေးကြီးကုန်စည်နှင့်ဝန် ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here