ပျော်ဘွယ်တွင် လမ်းဘေး ရပ်ထားသည့် ၁၀ ဘီးကားအား လိုက်ထရပ်ကားက နောက်မှဝင်တိုက်

0
210

မန္တလေးတိုင်း၊ပျော်ဘွယ်မြို့၊မင်းလမ်းကျေးရွာအုပ်စုရှိ တောင်ကြီး-ပျော်ဘွယ်သွားကားလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၃၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့ည ၇ နာရီ ၅၄ မိနစ်က တောင်ကြီး- ပျော်ဘွယ်သွားကားလမ်းမကြီးပေါ်တွင် TOYOACE လိုက်ထရပ်(အဖြူရောင်)ကားသည် အခင်းဖြစ်နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်စက်ပျက်၍ရပ်ထားသည့် NISSAN DIESEL (အဖြူရောင်) ၁၀ ဘီးကားအား နောက်မှဝင်တိုက်မိခဲ့သည်။

ထိုသို့ တိုက်မိမှုကြောင့် လိုက်ထရပ်ကားခေါင်းခန်းအတွင်း လူညပ်နေကြောင်းသတင်းအရ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းများက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့် ကားခေါင်းခန်းအတွင်းညပ်နေသူအား ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိနေသဖြင့် အလင်းရောင်လူမှုကူညီရေးအသင်းကားဖြင့် ပျော်ဘွယ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားခေါင်းခန်းမှာညပ်နေတဲ့လူကို ၈ နာရီ ၁၀ မိ နစ်ကျော်လောက်မှာ ကယ်ထုတ်လို့ရခဲ့တယ် ပျော် ဘွယ်ဆေးရုံကိုချက်ခြင်းပို့ပေးခဲ့တယ် ဆေးရုံက မိတ္ထီလာဆေးရုံကြီးကို ထပ်လွှဲတဲ့အတွက် မိတ္ထီလာဆေးရုံကို ထပ်ပို့ပေးခဲ့ရပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here