အိန္ဒိယတွင် ရှေးဟောင်းတံတားတစ်ခု ပြိုကျသဖြင့် လူရာချီသေဆုံး

0
247

အိန္ဒိယနိုင်ငံတွင် ကိုလိုနီခေတ် လူကူးတံတားတစ်ခု ပြိုကျမှုကြောင့် လူပေါင်း ရာနှင့်ချီ၍ မြစ်ထဲသို့ ပြုတ်ကျပြီးနောက် အနည်းဆုံး လူ ၁၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က တနင်္လာနေ့ (အောက်တိုဘာ ၃၁) တွင် ပြောကြားသည်။

အိန္ဒိယအနောက်ပိုင်း Morbi မှ နှစ် ၁၅၀ နီးပါးသက်တမ်းရှိ ကြိုးဖြင့်ထိန်းထားသောတံတားတစ်ဝိုက်တွင် အမျိုးသမီးများနှင့် ကလေးငယ်များအပါအဝင် လူ ၅၀၀ နီးပါးသည် ဘာသာရေးပွဲတော်တစ်ခုကို ကျင်းပနေကြစဉ် ယင်းတံတားပြိုကျခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။

တနင်္ဂနွေနေ့ညနေ နေဝင်ပြီးမကြာမီတွင် တံတားကိုထိန်းထားသောကြိုးများပြတ်တောက်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here