(၃၇)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေး ကွက်ဖိုရမ်ဥက္ကဋ္ဌများအစည်းအဝေးနှင့် အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲတွင်မြန်မာနိုင်ငံ၏ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုး တက်ရေးဆောင်ရွက်ထားရှိမှုများကိုခေါင်းစဉ်များအလိုက် မြန်မာကိုယ်စားလှယ်အဖွဲ့ဆွေးနွေး

0
187

ကမ္ဘောဒီးယားနိုင်ငံ၊ဖနောင်ပင်မြို့၌ အောက်တို ဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့ကပြုလုပ်ခဲ့သည့် (၃၇)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေး ကွက်ဖိုရမ်ဥက္ကဋ္ဌများအစည်းအဝေးနှင့်အပြည်ပြည်ဆိုင်ရာနှီးနှောဖလှယ်ပွဲတို့၌ မြန်မာကိုယ်စား လှယ်အဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံငွေ ချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒု-ဝန်ကြီးဦးမောင်မောင်ဝင်း ဦးဆောင်၍ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

(၃၇)ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေး ကွက်ဖိုရမ်ဥက္ကဋ္ဌများ အစည်းအဝေးအား ကမ္ဘော ဒီးယားနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ် ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ Mr. SOU Socheat ကသဘာပတိနှင့်အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးအေဂျင်စီမှ Chief Executive Officer Mr. Inarno Djajadi ကပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေး၌ အာဆီယံဒေသတွင်း အရင်းအနှီးဈေးကွက်ဆိုင်ရာ အဆင့်မြင့်အရာရှိများ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ သင်တန်းများ၊အလုပ် ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ကျင်းပနိုင်ရန်နှင့်လုပ် ငန်းခွင်သင်တန်းများ အပြန်အလှန်စေလွှတ်နိုင်ရန်တို့အား ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတကာဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံမှုစံနှုန်းအခြေခံများဖြစ်သည့် ဖွင့်ဟထုတ်ဖော်မှုစံနှုန်းများ သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုအ ခြေအနေ၊ အာဆီယံအရင်းအနှီးဈေးကွက်တွင် ကျင့်သုံးနေသည့် အာဆီယံငွေချေးစာချုပ်စံနှုန်းများနှင့်သက်ဆိုင်သည့် ဦးစားပေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များ ပိုမိုဆွဲဆောင်မှုရှိစေရန် စုပေါင်းရင်းနှီးမြှုပ်နှံ မှု မူဘောင်တွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ပိုမိုပါဝင်လာစေရန် ဆောင်ရွက်မှုအခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

အာဆီယံဒေသတွင်းနိုင်ငံများရှိ စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီများကို ကော်ပိုရိတ်စီမံအုပ်ချုပ်မှု အကဲဖြတ်ဆန်းစစ်ချက်အရ အပြီးသတ်ရွေး ချယ်ခြင်းခံရသည့် ကုမ္ပဏီများအား ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၂ ခုနှစ်၊ဒီဇင်ဘာ ၁ ရက်၌ ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပသွားမည်ဖြစ်ကာ အာရှဖွံ့ ဖြိုးရေးဘဏ်မှ အာဆီယံအရင်းအနှီးဈေးကွက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာဆိုင် ရာ အကူအညီပေးရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံအရင်းအနှီးဈေး ကွက်ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား အင်ဒိုနီးရှားနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here