သာစည်မြို့နယ်နှင့်ပုသိမ်ကြီးမြို့နယ်တို့တွင် စိတ် ကြွဆေးပြား ၁၃၀၀၀ ပြားနီးပါးခန့်နှင့်ဘိန်းဖြူများဖမ်းဆီးရမိ

0
206

မန္တလေးတိုင်း၊သာစည်မြို့နယ်၊ပုသိမ်ကြီးမြို့နယ်တို့တွင် ကုန်တင်ကားပေါ်နှင့်ဆိုင်ကယ်များပေါ်မှ စိတ်ကြွဆေးပြား ၁၂၉၅၄ ပြားနှင့်ဘိန်းဖြူများအား အောက်တို ဘာ ၂၉ ရက်၊ ၃၀ ရက်တို့က ဖမ်း ဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၉ ရက်နံနက် ၅ နာရီခွဲက သာစည်မြို့နယ်၊ယင်းမာပင်ကျေးရွာအနီးတွင် အောင်စိုး(၃၈)နှစ်မောင်းကာ ကျော်သူအောင်(ခ)ကျော်ကြီး(၂၉) နှစ်၊စိုး၀င်းလှိုင်(ခ)စိုး၀င်း(ခ)ရှိုင်းဇော် တို့မောင်းလာသည့် ဆိုင်ကယ်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းခဲ့သည်။

စိုး၀င်းလှိုင်(ခ)စိုး၀င်း(ခ)ရှိုင်းဇော် မှာဆိုင်ကယ်အားရပ်တန့်၍ ထွက်ပြေးသွား၍ ဆိုင်ကယ်ပေါ်ရှိ ဆာလာအိတ်များအားစစ်ဆေးရာအတွင်းမှ ဘိန်း ဖြူ(၁ ဒသမ ၉၈ ကီလို)အားဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ယင်းမာပင်ကျေးရွာအနီး၌ ကျော်သူအောင်(ခ) ကျော်ကြီး ရပ်တန့်ထားသည့် ဆိုင်ကယ်ပေါ်ရှိ ဆာ လာအိတ်များအတွင်းမှ  ဘိန်းဖြူ(၁ ဒသမ ၉၈ ကီ လို)အား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မွန်းလွဲ ၂ နာရီ၌ သာစည်မြို့၊အမှတ်(၄) ရပ်ကွက်တွင် ဆိုင်ကယ်မောင်းလာသည့် ကျော်စိုး(၃၅)နှစ်ထံမှ စိတ်ကြွဆေးပြား ၃၂၀၀ ပြားအား  ဖမ်းဆီးရမိခဲ့သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၃၀ ရက်နံနက် ၈ နာရီတွင်လည်း ပုသိမ်ကြီးမြို့နယ်၊ကျောက်ချောကျေးရွာရှိ ၁၆ မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် စည်သူလင်း(၄၄)နှစ်မောင်းကာ အောင်၀င်း(၄၆) နှစ်လိုက်လာသည့် Light Truck ကားပေါ်မှ ၎င်းတို့အတူတကွသယ်လာသည့် စိတ်ကြွဆေးပြား ၉၇၅၄ ပြား၊ဘိန်းဖြူ(၂၂၀ ဂရမ်)တို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဘိန်းဖြူများ၊စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သူများအား သက်ဆိုင်ရာရဲစခန်းများ၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here