သရုပ်ဆောင် သီဟတင်စိုးရဲ့ ညီဖြစ်ပြီး ခင်စံပယ်ဦးရဲ့အကိုဖြစ်သူရုပ်ရှင် ဒါရိုက်တာ ဉာဏတင်စိုးဟာ ယနေ့အောက်တိုဘာလ ၃၁ ရက်နေ့မနက်ပိုင်း မှာကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
အခုလိုကွယ်လွန်တာနဲ့ပတ်သက်ပြီး ကိုလူမင်းက
” ကိုညာရယ်အမေ့ကိုအရိပ်တကြည့်ကြည့်နဲ့အမေချစ်တဲ့သား၊မိသားစုထဲမှာအလိမ်မာဆုံးအနေအေးသဘောကောင်းတဲ့လူပျိုကြီး၊ရုတ်တရက်ကြီးမယုံနိုင်ဘူး ” လို့ သူလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။