မြန်မာအလုပ်သမားများအားခေါ်ယူမည့် ဂျပန်နိုင်ငံ၏ အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်ရရှိထား

0
253

ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၌အလုပ်လုပ်ကိုင်ရန် မြန် မာနိုင်ငံသားများအားခေါ်ယူမည့် အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်ရရှိထားသည်ဟု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး၊တိုကျိုမြို့က အောက်တိုဘာ ၃၁ ရက်က အသိပေးခဲ့သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်အား မြန် မာသံရုံး၊တိုကျိုမြို့က အောက်တိုဘာလ ၁၇ ရက်မှ ၃၁ ရက်နေ့ အတွင်းစိစစ်ပြီးနောက် ယင်း ကမ်းလှမ်းစာများနှင့်ပတ်သက်သည့် အချက်အလက်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန် ကြားခဲ့ခြင်းဖြစ် သည်။

ယင်းအလုပ်ကမ်းလှန်းစာများသည် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ပေးပို့လာခြင်းဖြစ်၍ အလုပ်ကမ်းလှမ်းစာ (Demand Letter)များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးခဲ့သည်။ 

ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့်အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိနှင့်စာရွက်စာတမ်းအထောက်အထားများအားစိစစ်၍ တွေ့ရှိချက်များ၊သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အလုပ်ကမ်းလှမ်းစာ ၁၈၀ စောင်အတွက် မြန်မာနိုင်ငံရှိ ပြည်ပအလုပ်အကိုင်ရှာဖွေရေးတ ရားဝင်လိုင်စင်ရ ကုမ္ပဏီများက မြန်မာအလုပ်သမားများအား စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here