ရန်ကုန်တိုင်းရှိ မြို့နယ် ၅ ခုမှ အနှေးယာဥ်များအား ယာဥ်အန္တရာယ်ကင်းရှင်းစေရန် သတ်မှတ်ရောင်ပြန်များတပ်ဆင်ပေး

0
235

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၅ ခုတွင် ခရီးသည်များအား ပို့ဆောင်ပေးနေသည့် အနှေးယာဥ်များ ယာဥ်အန္တရာယ်ကင်းရှင်းစေရန် အောက်တိုဘာ ၃၁ ရက်(ယနေ့)တွင် သတ်မှတ်ရောင်ပြန်များတပ်ဆင်ပေးခဲ့ကြကြောင်း သိရသည်။

လှိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)၊ ဗဟန်း၊ ပုဇွန်တောင်နှင့်သာကေတမြို့နယ်တို့ရှိ သတ်မှတ်ရောင်ပြန်တပ်ဆင်ထားခြင်းမရှိသေးသည့် အနှေးယာဥ်များအား တပ်ဆင်ပေးခဲ့ကြခြင်းဖြစ်သည်။

အနှေးယာဥ်များ၌ ရောင်ပြန်တပ်ဆင်ခြင်းအပြင် အနှေးယာဥ်များလိုင်စင်ဝင်ရောက်ခြင်း၊သတ်မှတ်ရောင်ပြန်တပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်း၊ယာဥ်စည်းကမ်း၊လမ်းစည်းကမ်းအသိပညာပေး ပြောကြားခြင်း၊အသိပညာပေးလက်ကမ်းစာ စောင်များဖြန့်ဝေခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်ခြင်းအား သက်ဆိုင်ရာမြို့နယ်စည် ပင်သာယာရေးအဖွဲ့ဝင်များနှင့်ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here