အီရန်မှ ရုရှားသို့ လက်နက်များ ထပ်မံ မထောက်ပံ့ရန် ယူကရိန်းသမ္မတက ပုဂ္ဂိုလ်ရေးအရ တားဆီးမှုပြုလုပ်နေ

0
230

ယူကရိန်းသမ္မတ Volodymyr Zelensky သည် ရုရှားအား လက်နက်များထပ်မံထောက်ပံ့ခြင်းမပြုရန် အီရန်အား တားဆီးသည့်ကိစ္စကို ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်နေကြောင်းသိရသည်။

ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူး Oleksiy Danilov က နိုင်ငံပိုင်  National Telethon ရုပ်သံလေလှိုင်းတွင် အောက်တိုဘာ ၃၀ ရက်က ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ Ukrinform သတင်းထောက်က ယနေ့ သတင်းပေးပို့သည်။

“ဒီနေ့မှာတော့ အီရန်အရေးကို အစီအစဉ်တကျတင်ပြထားပါတယ်။ လုပ်ငန်းစဉ်အချို့၊ စေ့စပ်ညှိနှိုင်းမှုတွေကိုလဲ လုပ်ဆောင်နေပါတယ်။ အဲဒါတွေကို အခုမကြေညာချင်ပါဘူး” ဟု ယူကရိန်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ၏ အတွင်းရေးမှူးက ပြောသည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းအာဏာပိုင်များ၏ တာဝန်မှာ ယူကရိန်းမြို့များနှင့် စစ်ဘက်ဆိုင်ရာ နေရာများကို အီရန် ခဲယမ်းများ သို့မဟုတ် လက်နက်များဖြင့် တိုက်ခိုက်ခြင်းကို တားဆီးရန်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

ယနေ့နံနက်ပိုင်းတွင်မူ ယူကရိန်းနိုင်ငံ၏ အရေးကြီးသော အဆောက်အအုံများကို ပစ်မှတ်ထား၍ ဒုံးကျည် ၅၀ ကျော်ကို ရုရှားက ပစ်လွှတ်ခဲ့ပြီးနောက် နိုင်ငံအနှံ့တွင်လျှပ်စစ်နှင့် ရေပေးဝေမှု ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း ယူကရိန်းအစိုးရက ပြောကြားခဲ့သည်။ မြို့တော် Kyiv တွင် နေထိုင်သူ ၈၀ ရာခိုင်နှုန်းသည် ရေပြတ်တောက်နေပြီး တိုက်ခန်းပေါင်း ၃သိန်းခွဲခန့်မှာ လျှပ်စစ်မီးပြတ်တောက်နေဟု Kyiv မြို့တော်ဝန် Vitaliy Klitschko က ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here