ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်များ ၂၅၃၀၀၀၀ ကျပ်ဖြင့်ရောင်းရန် ညွှန်ကြားထားသော်လည်း ဈေးကွက်တွင် (၂၆) သိန်းခွဲဖြင့် ရောင်းချနေ

0
443

ယမန်နေ့ အောက်တိုဘာ (၃၀) ရက် ရက်စွဲဖြင့် ရန်ကုန်တို င်းရွှေလုပ်ငန်းရှင်အသင်းက ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များအားလုံး အခေါက်ရွှေတစ်ကျပ်သားလျင် ၂၅၃၀၀၀၀ ကျပ်ဖြင့် ရောင်းချရန် ရန်ကုန်ရွှေအသင်းမှတဆင့် ပန်ကြားစာ ထုတ်ပြန်ခဲ့သော် လည်း ယနေ့ အောက်တိုဘာ (၃၁) ရက် ဈေးဖွင့်ချိန်တွင် အခေါက်ရွှေ တစ်ကျပ်သားလျင် (၂၆၅၀၀၀၀) ကျပ်ဖြင့် ဈေးဖွင့် အရောင်းအဝယ် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ပြည်တွင်း ဈေးကွက်၌ ရွှေဈေး တည်ငြိမ်စေရန် အစိုးရက ဝင်ရောက်ထိန်း​ကြောင်း သည့်အနေဖြင့် ရွှေစင်ရွှေခဲများ ရောင်းချပေးခြင်း၊ ရွှေဒင်္ဂါးများ ရောင်းချပေးခြင်းကို လု ပ်ဆောင်ခဲ့သော်လည်း ဈေးနှုန်းမှာအတက်ဖက်သို့ ​ပြလျှက်ရှိသည်။

ယခုလို ဈေးနှုန်း သတ်မှတ်ပေးရခြင်းမှာ ရွှေဈေးကွက်ထိန်းသိမ်းရေးကော်မတီမှ ညွှန်ကြားလာသည့်အတွက် အသင်း အနေဖြင့် မေတ္တာရပ်ခံပေးခြင်းသာဖြစ်ပြီး ကြပ်မှတ်ဆောင်ရွက်မည့်အပိုင်းများကို အဆိုပါ ကော်မတီမှသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

” ရွှေဈေးကွက်ထိန်းသိမ်းရေးအဖွဲ့က ဒီဈေးနဲ့ ရောင်းချပေးဖို့ မေတ္တာ ရပ်ခံခိုင်းတယ် ။ ဦးတို့ YGEA ကလည်း မေတ္တာ ရပ်ခံပေးတယ်။ ရောင်းတာ မရောင်းတာသည် ဆိုင်ရှင်ရဲ့ ဆိုင်သမားတွေရဲ့ အလုပ်ဖြစ်ပါတယ်။ အဲဒါကို ဈေးကွက်ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီကပဲ ကြပ်မတ်ထိန်းသိမ်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အကြောင်းရင်းက ဒီလောက်ပဲပြောလို့ရတယ်။ ကျန်တာက ဥပဒေရေးရာတွေနဲ့ သူတို့ ဌာနဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့အတွက် ဘာမှ ပြောလို့မရဘူး” ဟု ဦးမျိုးမြင့်က ပြောသည်။

အစိုးရအနေဖြင့် ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေး နှုန်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဈေးက စားသူများနှင့် လေပတ်ကားသမားများကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဟု ကြေညာထားသော်လည်း လက်ရှိအချိန်ထိ ဈေးကစားမှုများမှာ ရှိနေဆဲဖြစ်သည်။

ပြီးခဲ့သည့် လများအတွင်းက ပြည်တွင်းရှိ ဒေါ်လာဈေး ကမောက်ကမ ဖြစ်ပေါ်မှုကို အခွင့်ကောင်းယူကာ ဈေးကစားမှုများကြောင့် (၃၇) သိန်း ဝန်းကျင်အထိ အမြင့်ဆုံးစံချိန်တင်မြင့်တက်ခဲ့သည့် ပြည်တွင်း အခေါက်ရွှေဈေး နှုန်းမှာ လက်ရှိအချိန်ထိ (၂၅) သိန်းအထက်တွင်သာ ရပ်တည်နေခြင်း ဖြစ်သည်။

ယနေ့ အောက်တိုဘာ (၃၁) ရက် ဈေးကွက်ပိတ်ချိန် ပြည် တွင်း ခေါက်ရွှေဈေးနှုန်းများမှာ တစ်ကျပ်သားလျင် (၂၆ ၅၀၀၀၀) ကျပ် ဝန်းကျင်ဖြင့် ဈေးပိတ်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး နှုန်းမှာ တစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၆၄၂ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရွှေအသင်း၏ ယနေ့ အောက်တိုဘာ (၃၁) ညနေပိုင်း ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၁၉၃၄၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသ ည်။


LEAVE A REPLY

Please enter your comment!
Please enter your name here