နိုဝင်ဘာ ၇ ရက်မှစ၍ PJ နိုင်ငံကူးလက်မှတ်အ သစ်ပြုလုပ်မည့်သူများအား OWIC ကိုပါတစ်ပါ တည်း နေ့ချင်းပြီးပြုလုပ်ပေးသွားမည်

0
605

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့၌ PJ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်မည့်သူများအား နိုဝင်ဘာ ၇ ရက်မှစတင်၍ OWIC ကိုလည်းတစ်ပါတည်း နေ့ချင်းပြီးပြုလုပ်ပေးသွားမည်ဟု အောက်တို ဘာ ၃၁ ရက်က အသိပေးထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများသည် OWIC ကတ်လုပ်ဆောင်ရန် မြန်မာ နိုင်ငံသို့ပြန်နေရသဖြင့် မြန်မာသံရုံး၊ဗန်ကောက်မြို့မှ PJ နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်ထားသူ များကို တစ်ပါတည်းပြုလုပ်ပေးနိုင်ရန် နည်းပညာပိုင်းဆိုင်ရာ Software များဖြည့်ဆည်းတပ်ဆင်ခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာ ၇ ရက်မှစတင်၍ PJ နိုင်ငံကူးလက်မှတ်အသစ်လုပ်ဆောင်သူများသည် PJ နိုင် ငံကူးလက်မှတ်အသစ်နှင့် OWIC ကတ်အတွက် သတ်မှတ်ထားသည့် ဗန်ကောက်ဘဏ်ငွေစာရင်းအမှတ်- 101-3-481922 သို့ ၁၀၅၀ ဘတ်(၈၀၀ ဘတ်+၂၅၀ ဘတ်)ပေးသွင်းထားကြောင်း ငွေသွင်းဖြတ်ပိုင်းပါရှိရမည်ဖြစ်သည်။

PJ နိုင်ငံကူးလက်မှတ်ဟောင်းကိုလည်း ယူဆောင်လာရမည်ဖြစ်ကာ နိုင်ငံကူးလက်မှတ်အသစ်ပြု လုပ်ရန်ပုံစံ၌ မြန်မာနိုင်ငံတွင်နေထိုင်သည့် မိသား စုဝင်များ၏ အမည်၊နေရပ်လိပ်စာနှင့်ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊အလုပ်သမားကုမ္ပဏီအမည်တို့ကို ပြည့်စုံစွာဖြည့်စွက်ရမည်ဖြစ်သည်။

ထို့ပြင် PJ နိုင်ငံကူးလက်မှတ်အသစ်အား မြန်မာသံရုံး၊ဗန်ကောက်တွင်ထုတ်ယူရမည်ဖြစ်ပြီး OWIC ကတ်အား မဟာချိုင်ရှိ TDCC ရုံးတွင် ရက်သတ္တတစ်ပတ်အတွင်း ထုတ်ယူရမည်ဖြစ်ကာ စက်ရုံလုပ်သားများအတွက် စက်ရုံကိုယ်စားလှယ်တစ်ဦးမှ စာရင်းနှင့်အတူ တစ်စုတစ်စည်းတည်း TDCC ရုံး၌ သွားရောက်ထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။

OWIC ကတ်ပြုလုပ်စဥ် မြန်မာနိုင်ငံ၌နေထိုင်သည့် မိသားစုများ၏ လိပ်စာ၊ဖုန်းနံပါတ်တို့အား ထည့်သွင်းစေခြင်းမှာ မတော်တဆထိခိုက်ဒဏ်ရာရရှိခြင်းကြောင့် လျော်ကြေး၊နစ်နာကြေးကိစ္စများ ဆောင်ရွက်ခြင်း၊လိုအပ်ချိန်တွင် မိသားစုများနှင့် ဆက်သွယ်ရန် ပေါ်ပေါက်လာပါကအထောက်အ ကူရရှိနိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

အလုပ်သမားဝန်ကြီးဌာန၏ စက်တင်ဘာ ၆ ရက်ကထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်၊အပိုဒ် (၂)တွင် “မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက်အ လုပ်လုပ်ကိုင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် OWIC ပါရှိမှသာ လေဆိပ်များ၊နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်ပနိုင်ငံများသို့ သွားရောက်နိုင်မည်ဖြစ်ပြီး OWIC သက်တမ်း ၅ နှစ်အတွင်း ခွင့်ဖြင့်ပြန်လာ၍ ပြန်လည်ထွက်ခွာမည်ဆိုပါက ယင်း OWIC အားဆက်လက်ကိုင်ဆောင်၍ ပြည်ဝင်/ ပြည်ထွက်များ၌အသုံးပြုနိုင်သည်”ဟု ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here