သွင်းကုန်ကျန်းမာရေးထောက်ခံချက်(IHC) လျှောက်ထားခြင်းအား နိုဝင်ဘာ ၉ ရက်မှစတင် ၍ Fully Online ဖြင့်သာလက်ခံသွားမည်

0
456

ကျန်းမာရေးဝန်ကြီးဌာန၏ အစားအသောက်နှင့်ဆေးဝါးကွတ်ကဲရေးဦးစီးဌာန(FDA Myanmar)မှ ကြေညာချက်အမှတ်(၁၈/၂၀၂၂)ဖြင့် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သွင်းကုန်ကျန်းမာရေးထောက်ခံချက်(IHC) လျှောက်ထားခြင်းအား E-Submission စနစ်ဖြင့် နိုဝင်ဘာ ၂ ရက်မှစတင်ကာ Pilot Project အဖြစ် လက်ခံဆောင်ရွက်ပေးသွားမည်ဟု FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၉ ရက်မှစတင်ကာ E-Submission(Fully Online)စနစ်ဖြင့်သာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ယခင်စနစ်အ တိုင်း သွင်းကုန်ကျန်းမာရေးထောက်ခံချက်(IHC) များ လက်ခံဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၈ ရက်အထိသာ ပြုလုပ်ပေးသွားမည်ဟု FDA Myanmar ကအသိပေးထုတ်ပြန်ခဲ့သည်။

FDA Myanmar သည် သွင်းကုန်ကျန်းမာရေးထောက်ခံချက်(IHC)အား E-Submission မှတဆင့်လျှောက်ထားလာသည့် Sample များကိုအပ် နှံပြီးပါက System မှ ၂၄နာရီအတွင်း ငွေသွင်းရန် အသိပေးချက်ပေးပို့သွားမည်ဖြစ်ကာ သတ်မှတ်ချိန်အတွင်း ငွေပေးသွင်းခြင်းမပြုလုပ်ပါက Case File အား System Auto Cancelled ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

Auto Cancelled ဖြစ်သည့် Case နှင့်သက်ဆိုင်သောအပ်နှံပြီး Sample များကိုဆက်လက်စစ် ဆေးခြင်း၊ပြန်လည်ထုတ်ယူခြင်းတို့ကို ခွင့်ပြုမည်မဟုတ်ဘဲ Case အသစ် Sample အသစ်များကိုပြန်လည်လျှောက်ထားရမည်ဟုလည်း အသိပေးထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here