မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအသင်း၏ အသင်းသားစုံညီအစည်းအဝေးနှင့်အမှူဆောင်သစ်ရွေးချယ်ပွဲပြုလုပ်

0
236

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအ သင်း၏ အသင်းသားစုံညီအစည်းအဝေးနှင့်အမှု ဆောင်သစ်ရွေးချယ်ပွဲအား နိုဝင်ဘာ ၁ ရက်ကကျင်းပ၍ ရွေးချယ်တင်မြှောက်ခဲ့ကြခြင်းဖြစ် သည်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချီသူများအ သင်း၏ ဥက္ကဋ္ဌအဖြစ် Quality Publishing House နှင့် ဆုပြည့်စုံထွန်းစာပေ၏ ဦးမြင့်ထွန်း၊ ဒု-ဥက္ကဋ္ဌ -၁ အဖြစ် ကြည်လှမောင်စာပေမှ ဦးအောင်သိန်းဝင်း၊ ဒု-ဥက္ကဋ္ဌ-၂ အဖြစ် ပန်းဆက်လမ်းစာပေမှ ဦးထက်ပိုင်အောင်တို့အား ရွေးချယ်ခဲ့ကြသည်။

ဗဂျီအိမ်စာပေမှ ဦးမောင်မောင်စိုး၊ မဟာစာပေမှ ဦးဝင်းလှိုင်ဦးနှင့်ရွှေပေစာပေမှ ဦးနိုင်မိုးတို့က တွဲ ဖက်အတွင်းရေးမှူး-၁ နှင့် ၂ တို့အဖြစ် တာဝန်ယူကာ ဘဏ္ဍာရေးမှူးအဖြစ် ရှုတိုင်းယဥ်စာပေမှ ဒေါ်ခင်ဝင်းမြင့်၊ တွဲဖက်ဘဏ္ဍာရေးမှူးအဖြစ် မြဝတ်ချိုစာပေမှ ဒေါ်အိအိချို၊ စာရင်းစစ်အဖြစ် KKH Publishing House မှ ဦးကျော်ကျော်ဟိန်းတို့က ဆောင်ရွက်သွားမည်ဖြစ်သည်။

ထို့ပြင် ပြန်ကြားရေးမှူးအဖြစ် မဟာခေတ်စာပေမှ ဦးအောင်မြင့်မြတ်၊ တွဲဖက်ပြန်ကြားရေးမှူးအဖြစ် သုခဘုံစာပေမှ ဦးသန်းစိန်၊ အမှုဆောင်များမှာ အ လင်္ကာဝတ်ရည်စာပေမှ ဦးဥက္ကာအေး၊ မိုးကျော်စာပေမှ ဒေါ်မိမိလှိုင်၊ ကောင်းဆုသာစာပေမှ ဦးမိုးဇော်ဟိန်း၊ နေဝန်းနီနီစာပေဖြန့်ချီရေးမှ ဦးကျော်မင်းထွန်း၊ Wisdom House စာပေမှ ဦးမင်းကျော်၊ ဆုပိုင်စာပေမှ ဦးသိန်းဇော်ထွန်းနှင့် မိုးကောင်းမြေ စာပေမှ ဦးနိုင်ဝင်းဇော်တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here