ဒေလီလေထုညစ်ညမ်းမှုသည် လယ်ယာမီးလောင်မှုများကြောင့်အများဆုံးဖြစ်ဟုဆို

0
150

နူးဒေလီ၊နိုဝင်ဘာ ၁

ဒေလီ၏လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် လယ်ယာမီးလောင်မှုပမာဏသည် ယခုသီတင်းပတ်ကုန်မှစ၍ လွန်ခဲ့သည့်တစ်နှစ်တာကာလထက် ပိုမိုမြင့်မားလာပြီး ၂၀ ရာခိုင်နှုန်းကျော်အထိမြင့်တက်လာကြောင်း အစိုးရ၏ကိန်းဂဏန်းအချက်အလက်များအရသိရှိရသည်။

ဒေလီတွင်လေအေးနှင့် အခြားမိုးလေဝသအခြေအနေများကြောင့် အင်္ဂါနေ့မှစတင်၍ လေထုအရည်အသွေးပိုမိုဆိုးရွားလာနိုင်ကြောင်းခန့်မှန်းလျက် တနင်္ဂနွေနေ့ကဆောက်လုပ်ရေးနှင့် အဆောက်အအုံဖြိုလှဲရေးလုပ်ငန်းအများစုကို ဆိုင်းငံ့ထားလိုက်ကြောင်းလည်းသိရှိရသည်။

လယ်ကွင်းမီးလောင်မှုမှမီးခိုးငွေ့များသည် မြို့လေထုအတွင်းရှိအဆုတ်ကိုထိခိုက်စေသော သေးငယ်သည့် PM 2.5 အမှုန်လေးများအား ၂၆ ရာခိုင်နှုန်းအထိဖြစ်ပေါ်စေခဲ့သည်။ဒေလီ၏လေထုအရည်အသွေးညွှန်းကိန်းသည် အင်္ဂါနေ့၌ ပြင်းထန်မှုအဆင့် ၄၀၀ ကိုကျော်သွားခဲ့သည်။အဆိုပါပမာဏသည် ကျန်းမာသောသူများကိုထိခိုက်စေနိုင်ပြီး လက်ရှိဖျားနာနေသူများကိုလည်း ပိုမိုဆိုးကျိုးသက်ရောက်စေသည်။

ဆေးရုံများ၊ရထားလမ်းများ၊လေဆိပ်များနှင့်အခြားအများပြည်သူဆိုင်ရာကဏ္ဍများအတွက် လေထုညစ်ညမ်းမှုထိန်းချုပ်ရေးအစီအမံများဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းများ၏ စည်းကမ်းချိုးဖောက်မှုများကို စောင့်ကြည့်ရန်အဖွဲ့ပေါင်း ၅၈၆ ဖွဲ့ ဖွဲ့စည်းထားကြောင်းဒေလီအစိုးရကပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here