ယာဉ်အို/ဟောင်းအပ်နှံရာတွင် ယာဉ်ကြံ့ခိုင်မှုရှိပါက ပိုင်ရှင်ဆန္ဒအရ ဆက်လက်အသုံးပြုခွင့်ပေးထားဟု ကညန ထုတ်ပြန်

0
490

လူမှုကွန်ယက်စာမျက်နှာ၌ အောက်တိုဘာ ၂၉ ရက် ရက်စွဲဖြင့်ထွက်ပေါ်ခဲ့သည့် မော်တော်ယာဥ်နှင့်စက်မှုဆိုင်ရာဌာနများအား ပြဌာန်းခြင်း ထုတ်ပြန်ချက်စာအတုနှင့်ပတ်သက်၍ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လူမှုကွန်ယက်တွင် ပျံ့နှံ့လျက်ရှိသည့်စာမှာ အမှန်မဟုတ်ဘဲ ယာဉ်ပိုင်ရှင်များ စိတ်အနှောင့်အယှက်ဖြစ်စေရန် ပြုလုပ်ထားသည့် သတင်းအမှားသာဖြစ်သည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

မော်တော်ယာဉ်များ ယာဉ်အို/ဟောင်းအပ်နှံရာ တွင် ယာဉ်ကြံ့ခိုင်မှုရှိပါက ပိုင်ရှင်ဆန္ဒအရ ဆက် လက်အသုံးပြုခွင့်ပေးထားကာ ယာဉ်အမှတ် က/ခ/ဂ/ဃ နှင့် င တို့ကိုလည်း နံပါတ်အသစ်များ အ စားထိုးပေးပြီးဖြစ်၍ မှတ်ပုံတင်ထားမှုမရှိတော့ကြောင်း ကညန ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ယာဉ်ပိုင်ရှင်များအနေဖြင့် မှတ်ပုံတင်ထားသည့်ယာဉ်များအား ဆန္ဒအလျောက်အသုံး ပြုနိုင်ပါသည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

လူမှုကွန်ယက်စာမျက်နှာ၌ ပျံ့နှံ့ခဲ့သည့် ထုတ်ပြန်ချက်စာအတု၌ Model ၂၀၀၃ နှစ်အောက် အက္ခ ရာ(ဃ)တန်းအထိ မည်သည့်ကားအမျိုးအစားကိုမဆို အပ်ကားစာရင်းနှင့်ဖျက်သိမ်းခြင်းပြု/မပြုကို ၂၀၂၂ ခုနှစ်၊နိုဝင်ဘာလဆန်းပိုင်းနောက်တွင် ပြည်လည်စီစစ်သုံးသပ်သွားမည်ဟု ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here