ထားဝယ်မြို့နယ်ရှိ အလုပ်ရုံတစ်ခု၌ မီးလောင်ကျွမ်းမှုဖြစ်စဥ်တွင် အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရခဲ့

0
221

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ်၊ကညုံရပ်ကွက်၊သမဝါယမလမ်းတွင် နိုဝင်ဘာ ၁ ရက်နေ့လည်ပိုင်းက အလုပ်ရုံတစ်ခု၌ ဖြစ်ပွားခဲ့သည့်မီးလောင်ကျွမ်းမှုဖြစ်စဥ်တွင် အမျိုးသမီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာနိုင်ငံမီး သတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီ ၃၅ မိနစ်ခန့်က ကညုံရပ် ကွက်၊သမဝါယမလမ်းရှိ အလုပ်ရုံတစ်ခုတွင် မီး လောင်မှုဖြစ်ပွားကြောင်းသတင်းအရ တနင်္သာရီ တိုင်းမီးသတ်ဦးစီးမှူးရုံး၊ဇမ္ဗူသီရိလူမှုကူညီရေးအသင်းနှင့်မြို့နယ်အခြေစိုက် လူမှုကူညီရေးအ သင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နေ့လည် ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဥ်ကြောင့် အမျိုးသမီး ၁ ဦးသေ ဆုံးကာ အမျိုးသမီး ၃ ဦးတွင်လည်း ထိခိုက်ဒဏ် ရာများရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။ 

သေဆုံးသူ၏ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရသူများအား ဇမ္ဗူသီရိလူမှုကူညီရေးအသင်း၏ လူနာတင်ကားဖြင့် ထားဝယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“သေဆုံးသွားတဲ့ အမျိုးသမီးက အသက်(၇၀) လောက်ရှိပြီ အိမ်ရဲ့အနောက်မှာရှိတဲ့ အလုပ်ရုံကနေမီးစလောင်တာပါ မီးစလောင်တဲ့အကြောင်းကိုတော့ တာဝန်ရှိတဲ့လူတွေစစ်နေကြတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here