တရုတ်နှင့် စင်္ကာပူတို့ ပူပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် သဘောတူညီချက် ၁၉ ချက်ကို လက်မှတ်ရေးထိုး

0
253

စင်္ကာပူ၊ နိုဝင်ဘာ ၁

စင်ကာပူနှင့် တရုတ်နိုင်ငံတို့သည် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန်အတွက်နိုဝင်ဘာ ၁ ရက် အင်္ဂါနေ့က ပြုလုပ်ခဲ့သော နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးတွင် သဘောတူညီချက် ၁၉ ချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် အခြေပြု အိမ်ခြံမြေ ဖွံံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော လုပ်ဆောင်ချက်များကို ပံ့ပိုးသည့် လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရေး၊အွန်လိုင်းစီးပွားရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆန်းသစ်တီထွင်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ခရီးသွားကဏ္ဍ ဖလှယ်မှုတို့ပါဝင်သည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက်များတွင် လက်မှတ်ရေးထိုးခဲ့သည်။

အဆိုပါ ဂျေစီဘီစီ အစည်းအဝေးကို နှစ်န်ိုင်ငံမှ ဒုဝန်ကြီးချုပ်များက ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ၎င်း အစည်းအဝေးသည် တရုတ်နှင့် စင်္ကာပူကြားရှိ အမြင့်ဆုံးနှစ်ပတ်လည် အစည်းအဝေးဖြစ်သည်။

“ဒီအစည်းအဝေးဟာ အလွန်အရေးကြီးပြီး တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု ဦးတည်ချက်အသစ်တွေ အပါအဝင် စင်ကာပူရဲ့ လိုအပ်ချက်နဲ့ စီးပွားရေးကို အသွင်ပြောင်းရာမှာ ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ကိုက်ညီမယ့် လမ်းညွှန်ချက်အသစ်တွေကို ချမှတ်ခဲ့ပါတယ်” ဟု စင်္ကာပူ ဒုဝန်ကြီးချုပ်က ပြောခဲ့သည်။

သဘောတူညီချက်အသစ်တွင် သဘာဝပတ်ဝန်းကျင် ကိုယ်စားပြု အစိမ်းရောင်၊ ဒစ်ဂျစ်တယ်နှင့် ဆက်သွယ်ရေး ဟူသည့် ကျယ်ပြန့်သော ကဏ္ဍသုံးခု ပါဝင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

နှစ်နိုင်ငံကြားရှိ အပတ်စဉ် လေကြောင်းခရီးစဉ်များကိုလည်း ကိုဗစ် မဖြစ်ပွားမီ အခြေအနေလိုမျိုး ဖြင့် ပြန်လည် လည်ပတ်နိုင်အောင် တရုတ်နိုင်ငံနှင့် ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here