၀က်မှ အင်္ဂါအစိတ်အပိုင်းများကို မျောက်များတွင် အောင်မြင်စွာအစားထိုးနိုင်ပြီ

0
187

ဝက်များမှ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကို မျောက်လေးကောင်ဆီသို့ အောင်မြင်စွာ အစားထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

တရုတ်နိုင်ငံ ရှန်းရှီခရိုင်၊ ရှီအန်းမြို့ရှိ လေတပ်ဆေးပညာတက္ကသိုလ်၏ ရှီကျင်းဆေးရုံတွင် ၁၄ နာရီကြာခွဲစိပ်မှုများပြုလုပ်ခဲ့ပြီးနောက် ဝက်များထံမှ အသည်း၊ ကျောက်ကပ်များ၊ နှလုံး၊ မျက်ကြည်လွှာ၊ အရေပြားနှင့် အရိုးတို့ကို မျောက်လေးကောင်ဆီသို့ အောင်မြင်စွာ အစားထိုးထည့်သွင်းပေးနိုင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ အစားထိုးထည့်သွင်းခြင်းထားသော အင်္ဂါအစိပ်အပိုင်းများသည် မျောက်များ၏ ခန္ဓာကိုယ်ထဲတွင် ပုံမှန်အလုပ်လုပ်လျှက်ရှိပြီး၊ ပြီးခဲ့သည့် တနင်္လာနေ့အထိ မျောက် ၃ ကောင်မှာ အခြေအနေတည်ငြိမ်စွာဖြင့် ဆေးရုံမှ ဆင်းနိုင်ခဲ့ပြီဖြစ်သည်။

ယခုစမ်းသပ်မှုသည် လူသားများတွင် ကိုယ်အင်္ဂါအစိတ်အပိုင်းအစားထိုးကုသမှု ကုထုံးဖြစ်သည့် Xenotransplantation အတွက် ကြီးမားသော ခြေလှမ်းတစ်ခုဖြစ်ကြောင်း နိုင်ငံတကာ ဆေးပညာရှင် အသိုင်းအဝိုင်းကဆိုကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here