ပါကစ္စတန်ဝန်ကြီးချုပ် စီးပွားရေးနှင့်အကြွေးကိစ္စဆွေးနွေးရန် ပေကျင်းသို့ ရောက်ရှိ

0
184

အစ္စလာမာဘတ်၊နိုဝင်ဘာ ၁

ပါကစ္စတန်ဝန်ကြီးချုပ်သည် တရုတ်ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ၎င်း၏နိုင်ငံတွင် ဒေါ်လာ ၆၅ ဘီလျံ ရင်းနှီးမြုပ်နှံမည့် China Pakistan Economic Corridor (CPEC) အတွက် အစီအစဉ်များကိုဆွေးနွေးရန် အင်္ဂါနေ့ကပေကျင်းမြို့သို့ ရောက်ရှိခဲ့ကြောင်းသိရသည်။

ပါကစ္စတန်ရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွမ်းအင်ဆိုင်ရာ ပရောဂျက်များ၌ အဓိက ရင်းနှီးမြှုပ်နှံမှုသည် တရုတ်သမ္မတ၏ BRI တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ကားလမ်းများ၊ရထားလမ်းများနှင့် ပင်လယ်ရေကြောင်းလမ်းများကို ကမ္ဘာတစ်ဝန်းတိုးတက်စေရန်အတွက်ဖြစ်သည်။

အစ္စလာမာဘတ်နှင့် ပေကျင်းတို့သည် ကာလကြာရှည် ရင်းနှီးသောမဟာမိတ်များအဖြစ် ယူဆကြပြီးဝန်ကြီးချုပ်သည် ၎င်း၏ခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမည်ဟုမျှော်လင့်ရသည်။

ဝန်ကြီးချုပ်သည် သမ္မတရှီတတိယအကြိမ်မြောက် အာဏာရလာပြီးနောက် ၎င်းနှင့်တွေ့ဆုံသည့် ပထမဆုံးခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်လာမည်ဖြစ်သည်။

ပါကစ္စတန်သည် ငွေပေးချေမှုပြဿနာများကိုလျော့ပါးစေရန် ကြိုးပမ်းမည်ဟု ယခင်ကဆိုခဲ့သော်လည်း ထိုသို့သောအကူအညီအတွက် ပေကျင်းအား တရားဝင်တောင်းဆိုမည်ကိုထုတ်ပြန်ခြင်းမရှိပေ။

လက်ရှိတွင် ပါကစ္စတန်ဗဟိုဘဏ်၏ အရန်ငွေမှာ သွင်းကုန် တစ်လခွဲအတွက် လုံလောက်ရုံမျှသာဖြစ်ပြီး ဒေါ်လာ ၇ ဒသမ ၄ ဘီလျံအထိကျဆင်းသွားခဲ့သည်ဟုဆိုသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here