ဖိလစ်ပိုင်သမ္မတမားကို့စ် မြေပြိုမှုဖြစ်ပွားခဲ့သည့်ပြည်နယ်ကိုကြည့်ရှုစစ်ဆေး

0
182

မနီလာ၊နိုဝင်ဘာ ၁

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာသည် အပူပိုင်းမုန်တိုင်းနာလ်ဂဲလ်ကြောင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၁၀ သေဆုံးခဲ့သည့် တောင်ပိုင်းပြည်နယ်တစ်ခုအား နိုဝင်ဘာ ၁ ရက်တွင် လေကြောင်းမှ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

နေရာအနှံ့ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် လူပေါင်း ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၃၃ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီက ပြောကြားခဲ့သည်။

နာလ်ဂဲလ်မုန်တိုင်းသည် အမေရိကန်ဒေါ်လာ ၂၂ သန်းတန်ဖိုးရှိလယ်ယာထွက်ကုန်များနှင့် ကန်ဒေါ်လာ ၁၃ သန်းတန်ဖိုးရှိအခြေခံအဆောက်အဦများကိုပျက်စီးစေပြီးနောက် တရုတ်နိုင်ငံတောင်ပိုင်းသို့ဦးတည်သွားကြောင်းသိရှိရသည်။

ဧပြီလကအပူပိုင်းမုန်တိုင်း Megi ကြောင့် လူပေါင်း ၂၁၄ ဦးသေဆုံးပြီးနောက် ယခုမုန်တိုင်းသည် ဒုတိယမြောက်ပျက်ဆီးမှုအများဆုံးမုန်တိုင်းဖြစ်သည်။

ကျွန်းပေါင်း ၇,၆၀၀ ကျော်ရှိသည့် ဖိလစ်ပိုင်နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုကြောင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်လေ့ရှိကာ မကြာခဏမြေပြိုမှုနှင့် ရေကြီးမှုများအပါအဝင် တစ်နှစ်လျှင်တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့်ပျှမ်းမျှဖြစ်ပေါ်လေ့ရှိကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here