ဖျော်ဖြေရေးခရီးစဉ်များ ပြန်လည်စတင်မည့်တေလာဆွစ်ဇ်

0
214

 ကမ္ဘာကျော် ပေါ့အဆိုတော် တေလာဆွစ်ဇ်သည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် နယ်လှည့် ဖျော်ဖြေရေး ခရီးစဉ်များ ကိုပြန်လည်စတင်တော့မည် ဖြစ်ကြောင်း နိုဝင်ဘာလ ၁ ရက် အင်္ဂါနေ့က ကြေညာခဲ့သည်။ 

အမေရိကရှိ ပြည်တွင်း ဖျော်ဖြေပွဲများကို ၂၀၂၃ ခုနှစ် မတ်လမှ ဩဂုတ်လအထိ ကျင်းပသွားမည်ဖြစ်ပြီး ဘော်စတွန်၊ နူးယော့ခ်၊ လော့ဆန်း ဂျလိစ်နှင့် ရှီကာဂိုမြို့ကြီးများတွင် သို့မဟုတ် အနီးအနား

ရှိ အားကစားရုံများတွင် ကျင်းပမည် ဖြစ်သည်။ နိုင်ငံတကာ ခရီးစဉ်များကိုလည်း နောက်ပိုင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

အသစ်ထုတ်ဝေထားသော ဆွစ်ဇ်၏ ၁၀ကြိမ်မြောက် အယ်လ်ဘမ် “ညသန်းခေါင်”သည် အလွန်လူကြိုက်များခဲ့ပြီး ထိုအယ်လ်ဘမ်ကြောင့် ဘေလ်ဘုတ်၏ ခေတ်စားသော သီချင်းများ စာရင်း ၁၀၀ ၏ ထိပ်ဆုံး ၁၀ နေရာစလုံးကို တပြိုင်တည်း နေရာယူနိုင်ခဲ့သည့် ပထမဆုံးအဆိုတော် ဖြစ်လာသည်။ ထိုအယ်လ်ဘမ်က်ိုလည်း ဖျော်ဖြေပွဲများတွင် သီဆိုသွားမည် ဖြစ်သည်။

အင်စ‌တာဂရမ် ပို့စ်တစ်ခုတွင် ဆွစ်ဇ်က အဆိုပါ ဖျော်ဖြေရေး ခရီးစဉ်အား “သည်အယ်ရာစ်တိုး” ဟုအမည်ပေးထားပြီး “အတိတ်နဲ့ ပစ္စုပ္ပန် အပါအဝင် ကျွန်မရဲ့ အဆိုတော်သက်တမ်းတစ်လျှောက် ကြုံတွေ့လာရတဲ့ ဂီတခေတ်ကာလတွေကို ဖြတ်သန်းခဲ့တာကို ဖေ့ါ်ကျုးမယ့် ခရီးတစ်ခုပါ” ဟု ရေးသားထားသည်။

“မင်းတို့ရဲ့ အရမ်းလှတဲ့မျက်နှာတွေကို မြင်ရဖို့ ငါမအောင့်နိုင်တော့ဘူး။ မျှော်နေရတာ အတော့်ကိုကြာလှရောပေါ့” ဟု ဆွစ်ဇ်က ရေးသားခဲ့သည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here