DAWN ချေးငွေကုမ္ပဏီမှ ချေးငွေအရာရှိ အမျိုးသမီးအား သတ်ဖြတ်ပြီး ငွေလုယက်သွားသူများကို ဖမ်းဆီးရမိ

0
554

DAWN ချေးငွေကုမ္ပဏီမှ ချေးငွေအရာရှိ အမျိုးသမီးအား သတ်ဖြတ်ပြီး ငွေလုယက်သွားသူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း Dawn Microfinance က ယနေ့ (နို၀င်ဘာ ၂ ရက်) သတင်းထုတ်ပြန်သည်။

Early Dawn Microfinance Company Limited (DAWN) ပေါက်ခေါင်းဌာနခွဲမှ ချေးငွေအရာရှိ (မစန်းစန်းမော်) အသက်(၃၃)နှစ်သည် အောက်တိုဘာ ၂၈ ရက်တွင် အလုပ်ကိစ္စတာဝန်ပြီးစီး၍ ရှားစီးဖိုကျေးရွာမှ ပေါက်ခေါင်းရုံးခွဲသို့ပြန်လာစဉ် ရှားစီးဖို-ပေါက်ခေါင်း ကားလမ်းဘေး၌ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် အသတ်ခံခဲ့ရပြီး ငွေလုယက်ခံခဲ့ရခြင်းဖြစ်သည်။

 DAWN အနေဖြင့် အခင်းစတင်ဖြစ်ပွားသည့် အချိန်မှစတင်၍ တရားလိုပြုလုပ်တိုင်ကြားခဲ့ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ပေါက်ခေါင်းမြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာနိုဝင်ဘာလ (၁) ရက်နေ့တွင် ပေါက်ခေါင်းမြို့မရဲစခန်းမှူး ဒုရဲမှူးမြတ်မင်းသူနှင့်အဖွဲ့မှ အချိန်တိုကာလအတွင်း ပြစ်မှုကျူးလွန်သူ တရားခံ နေမင်းဦး (ဘ) ဦးတင်ဌေးနှင့် ပူးပေါင်းပါဝင်သူ နေမျိုးအောင်တို့အား ဖမ်းစီးဖော်ထုတ်နိုင်ခဲ့ပြီးနောက်၊ ယူဆောင်သွားသော ငွေကျပ် (၁,၃၅၀,၆၀၀)နှင့် အခြားသက်သေခံပစ္စည်းများအား သိမ်းဆည်းပြီးဖြစ်သည်ဟု Dawn Microfinance ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ပြစ်မှုကျူးလွန်သူများအား ထိုက်တန်သော ပြစ်မှုကျခံစေရေးအတွက် တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း Dawn ကုမ္ပဏီက အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here