ဂျပန်နှင့်ဂျာမဏီတို့ အင်ဒို-ပစိဖိတ်ဒေသလုံခြုံရေး ဆွေးနွေးပွဲများကျင်းပမည်

0
247

တိုကျို၊နိုဝင်ဘာ ၁

ဂျပန်နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးများသည် အင်ဒို-ပစိဖိတ်ဒေသ၌ တရုတ်၏စစ်ရေးအင်အားတိုးမြင့်လာမှုနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ရန် ဂျာမဏီမှမဟာမိတ်များနှင့်တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရှိရသည်။

“အင်ဒို-ပစိဖိတ်ဒေသမှာနက်နက်ရှိုင်းရှိုင်းထိတွေ့ဆက်ဆံနေတဲ့ ဂျာမဏီနဲ့ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်” ဟု ကာကွယ်ရေးဝန်ကြီး ရာမခဇုဟမဒ က သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။ထိုနေ့နှောင်းပိုင်းတွင်ပင် နိုင်ငံခြားရေးဝန်ကြီး ယိုရှီမာဆာဟာယာရှီက ဝန်ကြီးများသည်ယူကရိန်းသို့ရုရှား၏ကျူးကျော်မှု၊မြောက်ကိုရီးယား၏ဒုံးကျည်နှင့် နျူလုပ်ဆောင်မှုများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သီးခြားသတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဂျပန်နှင့်ဂျာမဏီတို့သည် ၎င်းတို့၏ပထမဆုံးအကြိမ် two plus two အစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့သေးသည်။အာရှ-ပစိဖိတ်ဒေသတွင် တရုတ်၏ကြီးထွားလာနေသော စီးပွားရေးနှင့်စစ်ရေးဩဇာလွှမ်းမိုးမှုများအပေါ် စိုးရိမ်ပူပန်မှုများမြင့်တက်နေချိန်တွင် ဂျပန်နှင့်ဂျာမဏီတို့က လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုကို မကြာသေးမီကာလများအတွင်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ယခုလုံခြုံရေးဆွေးနွေးပွဲတက်ပြီးပါက မစ္စတာ ဟယရှိသည် ဂျာမနီအနောက်ပိုင်း Munster မြို့၌နှစ်ရက်ကြာကျင်းပမည့် G–7 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source  : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here