သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲ တော်အား ၂ ရက်တာကျင်းပသွားမည်

0
221

မွန်ပြည်နယ်၊သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲတော်အား နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်တို့၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ကျိုက်နဲရေလယ်ဘုရားဂေါပကအဖွဲ့နှင့်ဘုရားပွဲတော်ကျင်းပရေး ကော်မတီတို့မှ သိရသည်။

ဘုရားဖူးများအား  ဘုရားပွဲတော်ကျင်းပမည့် ၂ ရက်တည်းသာ အကြို/အပို့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ သွားရောက်ရာတွင်လည်း တစ်ဦးနဲ့တစ်ဦးတိုးကြိတ်သွားလာမှု မရှိစေဘဲ စည်းကမ်းတကျသွားရောက်ဖူးမြှော်ရန် အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် အရက်သေစာသောက်စားထားသူများ အားသွားရောက်ဖူးမြှော်ခြင်းမပြုရန်တားမြစ်ခဲ့ပြီး စက်လှေဖြင့်သွားရောက်ဖူးမြှော်သူများအ နေဖြင့် အသက်ကယ်အင်္ကျီများ(Life Jecket)ဝတ် ဆင်ရန်၊ဘုရားပွဲတော်ဖြစ်မြောက်ရေးကော်မတီမှချမှတ်ထားသည့် စည်းကမ်းချက်များကိုမဖြစ်မနေလိုက်နာရန်နှင့်ဘေးအန္တရာယ် ဖြစ်ပွားမှု မရှိစေရေးအတွက် ဂရုပြုရန်လည်းအသိပေးထုတ်ပြန်ခဲ့သည်။

ထို့အတူ ဆောင်းဘောက်တင်ယာဥ်များ၊အိတ်ဇောပိုက်ဖြုတ်ထားသည့် ဆိုင်ကယ်များကိုလည်း ကမ်းခြေအတွင်းဖြတ်သန်းသွားလာခွင့်မပြုကြောင်း သိရသည်။

ကျိုက်နဲရေလယ်ဘုရားသို့ သက်ကြီးရွယ်အိုများ၊ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ကလေးငယ်များ သွားရောက်ဖူးမြှော်ခြင်းမပြုရန်၊ဘုရားဖူးများအနေဖြင့် မိမိတို့၏အစီစဥ်ဖြင့် ဘုရားသို့သွားရောက်ဖူးမြှော်ခြင်းမပြုရန်လည်း အသိပေးထုတ်ပြန်ခဲ့သည်။

မိမိအစီအစဥ်ဖြင့် သွားရောက်လိုပါက သက်ဆိုင်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ဂေါပကအဖွဲ့များသို့ ကြိုတင်သတင်းပေးပို့၍ ၎င်းတို့၏ အကြို/အပို့ အစီစဥ်ဖြင့်သာသွားရောက်ဖူးမြှော်ရမည်ဖြစ်သည်။

အဆိုပါ ဘုရားဖူးများလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းသတ်မှတ်ချက်များအား ဘုရားဂေါပ ကအဖွဲ့နှင့်ဘုရားပွဲတော်ကျင်းပရေးကော်မတီတို့က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များဖွဲ့စည်း၍ အ သိပညာပေးဗီနိုင်းပိုစတာများ စိုက်ထူခြင်း၊အသံ ချဲ့စက်များဖြင့် အသိပညာပေးကြေညာခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here