ပဲ့ထိန်းဒုံးပျံကာကွယ်ရေး အဆင့် ၂ အိန္ဒိယအောင်မြင်စွာ ပစ်လွှတ်စမ်းသပ်

0
182

အိန္ဒိယနိုင်ငံ ကာကွယ်ရေးသုတေသနနှင့်ဖွံ့ဖြိုးရေးအဖွဲ့က ပဲ့ထိန်းဒုံးပျံကာကွယ်ရေး အဆင့် ၂ ဖြစ်သည့် ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်တစ်စင်းကို အိန္ဒိယနိုင်ငံ သြဒိဿကမ်းလွန် အဗ္ဗဒူကလမ်ကျွန်းကမ်းခြေမှ နိုဝင်ဘာ ၂ ရက် ဗုဒ္ဓဟူးနေ့ကအောင်မြင်စွာပစ်လွှတ်စမ်းသပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်မှာ AD-1 ဖြစ်ပြီး၊ တာဝေးကြားဖြတ်တိုက်ခိုက်နိုင်ရန်အတွက် ပုံစံထုတ်ထားခြင်းဖြစ်ကာ၊ တာဝေးပစ် ပဲ့ထိန်းဒုံးပျံများကို ကမ္ဘာ့လေထုအနိမ့်ပိုင်းတွင်ရော အမြင့်ပိုင်းနေရာများတွင်ပါ ကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်မည့်အပြင်၊ လေယာဉ်များကိုလည်း ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း၊ အဆင့်နှစ်ဆင့်ပါ လောင်စာခဲကို အသုံးပြု၍ ပျံသန်းခြင်းဖြစ်ကာ၊ အဆင့်မြင့်ထိန်းချုပ်ရေးနှင့် တိကျသော အာရုံခံစနစ်များတပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ကာကွယ်ရေးသုတေသနနှင့်ဖွံ့ဖြိုးရေးအဖွဲ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: DRDO carries out maiden test of Phase-II of ballistic missile defence


LEAVE A REPLY

Please enter your comment!
Please enter your name here