ယူကရိန်း စပါးတင်ပို့မှု သဘောတူညီချက်တွင် ရုရှား ပြန်လည် ပူးပေါင်းလာ

0
243

ရုရှားသည် ကုလသမဂ္ဂက ကျောထောက်နောက်ခံပြုထားသော ယူကရိန်း စပါးတင်ပို့မှုဆိုင်ရာ သဘောတူညီချက်တွင် ပြန်လည်ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပင်လယ်နက်ရှိ စပါးပို့ဆောင်ရာ ရေလမ်းကြောင်းကို ရုရှားအား တိုက်ခိုက်မည့် စစ်ဆင်ရေးများအတွက် အသုံးပြုမည် မဟုတ်ဟူသော ကိယက်ဗ်ထံမှ လုံလောက်သော အာမခံချက်များရရှိခဲ့သောကြောင့် မော်စကိုသည် ထိုသဘောတူညီချက်တွင် တစ်ဖန် ပြန်လည်ကာ ပါဝင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက အတည်ပြုခဲ့သည်။

“(ဗုဒ္ဓဟူးနေ့) ဒီနေ့ နေ့လည် ၁၂ နာရီကနေစပြီး အစီအစဉ်အတိုင်း တင်ပို့မှုတွေ စတင်သွားမယ်” ဟု တုကီယေးသမ္မတ အဲဒိုဝန်က ပါလီမန်သို့ ပြောခဲ့သည်။

သဘောတူညီချက်မှာ ရုရှား ပြန်လည်ပါဝင်လာအောင် လုပ်ဆောင်နိုင်ခဲ့သော တုကီယေး​၏ အခန်းကဏ္ဍကို ကြည့်ခြင်းအားဖြင့် အန်ကာရာသည် မော်စကိုနှင့် ကိယက်ဗ်ကြားရှိ အမှန်တကယ် ဖြန်ဖြေပေးသူ ဖြစ်လာသည်ကို ပြသနေကြောင်း အစ္စတန်ဘူလ်ရှိ အယ်လ်ဂျာဇီးရာ သတင်းထောက်က ဆိုသည်။

အစ္စတန်ဘူလ်ရှိ ပူးတွဲညှိနှိုင်းရေးစင်တာမှ ကြီးကြပ်သော အဆိုပါ သဘောတူညီချက်ကြောင့် မက်ထရစ်တန် ၉ ဒသမ ၇ သန်းကျော်ရှိသော စပါးနှင့် အခြားစားသောက်ကုန်များကို ယူကရိန်းဆိပ်ကမ်းများမှ တင်ပို့နိုင်ခဲ့သည်။

source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here