မလေးရှားနိုင်ငံ၌ အလုပ်လုပ်နေစဥ် သေဆုံးသွားသည့်မြန်မာနိုင်ငံသားအား အလုပ်ရှင်ကတာဝန်မယူ၍ အခက်အခဲများရှိနေ

0
332

မလေးရှားနိုင်ငံ၊ပီနန်းပြည်နယ်၊စူကိုင်းဘာကပ်မြို့ရှိ ဆီအုန်းခြံ၌ အလုပ်လုပ်ကိုင်နေသည့် မြန် မာနိုင်ငံသား ကိုကျော်မိုးသည် အောက်တိုဘာ ၂၉ ရက်က အလုပ်လုပ်နေစဥ် နှလုံးရောဂါဖြင့် သေ ဆုံးသွားခဲ့သည်။

ကိုကျော်မိုး သေဆုံးခြင်းအား ဆီအုန်းခြံပိုင်ရှင်မှတာဝန်ယူခြင်းမရှိခဲ့သဖြင့် စူကိုင်းဘာကပ်ဆေးရုံမှနာရေးအား ကူညီဆောင်ရွက်ပေးရန် ဒါနကုသ လနာရေးကူညီမှုအသင်း(ပီနန်း၊မလေးရှား)သို့ ဆက်သွယ်အကြောင်းကြားခဲ့သည်။

ထို့ကြောင့် ကူညီရန်ပြုလုပ်လျက်ရှိသော်လည်း ကိုကျော်မိုး၏ မိသားစုဝင်များ၊အသိမိတ်ဆွေများနှင့် ယနေ့အထိ အဆက်အသွယ်မရသဖြင့် နာရေးက်စ္စပြုလုပ်ရန် အခက်အခဲများရှိနေသည်ဟု သိရသည်။

ကိုကျော်မိုး၏ နာရေးကိစ္စများဆောင်ရွက်ရန် ၎င်းအားသိရှိသူများအနေဖြင့် ဒါနကုသလနာရေးကူညီမှုအသင်း(ပီနန်း-မလေးရှား)သို့ဆက်သွယ်ရန် အသိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here