မန္တလေးတွင်ချိတ်ပိတ်ခဲ့သည့်နေအိမ်သည် ခရစ်ယာန်မိဘမဲ့ကလေးကျောင်းဖြစ်သည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

0
376

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ် ကွက်၊ ၅၄(B)လမ်း၊ ၁၂၅ လမ်းနှင့် ၁၂၆ လမ်း ကြားရှိ နေအိမ်တစ်လုံးအား နစက ၏လုံခြုံရေးအဖွဲ့ဝင်များက ချိတ်ပိတ်စစ်ဆေးခဲ့သည်။

ထိုသို့ ချိတ်ပိတ်စစ်ဆေးခဲ့ရာ လူမှုကွန်ယက်စာမျက်နှာအချို့၌ လုံခြုံရေးအဖွဲ့ဝင်များက ခရစ် ယာန်မိဘမဲ့ကျောင်းအား ချိတ်ပိတ်ခဲ့ကြသည်ဟု ရေးသားပြောဆိုမှုများနှင့်ပတ်သက်၍ နစက သ တင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ် ချုပ်ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်၊

“နိုဝင်ဘာ ၂ ရက်ည ၈ နာရီလောက်က ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ်ကွက်၊ ၅၄(B)လမ်း၊ ၁၂၅ လမ်းနဲ့ ၁၂၆ လမ်းကြားက နေအိမ်တစ်လုံးကို လုံခြုံရေးအဖွဲ့ဝင်တွေ သတင်းအရချိတ်ပိတ်စစ် ဆေးခဲ့ပါတယ် အဲဒါကိုလူမှုကွန်ယက်တွေမှာ ခ ရစ်ယာန်မိဘမဲ့ကလေးကျောင်းဖြစ်နေတယ်ဆိုပြီး ဖော်ပြနေကြတယ် အဲ့သတင်းကအမှားပါ နေ အိမ်တစ်အိမ်ပဲဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

အဆိုပါ နေအိမ်၏ နေအိမ်ပိုင်ရှင်ရှိကာ လက်ရှိအချိန်၌အိမ်အား ဦးခင်မောင်အေးနှင့်ဒေါ်မေရီတို့ကို ဌားရမ်းထားကာ ချိတ်ပိတ်ရသည့် အကြောင်း ရင်းမှာ ၂၀၂၁ ခုနှစ်၊ ဇွန် ၂၀ ရက်ခန့်က သပိတ်ကျင်းဘက်မှ ဝေယံလင်း(ခ) ထွန်းတောက်နိုင်ဦးဆောင်သည့် PDF အဖွဲ့အား ဖမ်းဆီးရမိခဲ့ပြီး ကားပေါ်မှလည်း လက်နက်များဖမ်းဆီးရမိခဲ့ခြင်းများရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“သူတို့ကို စစ်ဆေးချက်အရ မန္တလေးမြို့ပေါ်မှာ အကြမ်းဖက်လုပ်ငန်းတွေ သင်တန်းတွေပေးဖို့ အ ခြေပြုနေထိုင်ဖို့ ဌားထားတဲ့အိမ် ၄ လုံးကိုလည်းကျွန်တော်တို့ချိတ်ပိတ်ခဲ့တယ် အခုချိတ်ပိတ်လိုက်တဲ့အိမ်ကလည်း အဲဒီထဲကတစ်လုံးပဲ ဒီအိမ်မှာတော့ အခြေပြုနေထိုင်တာမတွေ့ခဲ့ရဘူး အခုချိတ်ပိတ်လိုက်တဲ့အိမ်မှာ ကလေး ၁၀ ယောက်တွေ့ရတယ် အိမ်ဌားတွေရဲ့ပြောကြားချက်အရကတော့ မိဘမဲ့ကလေးတွေလို့ပြောတာပဲ ကျွန် တော်တို့စစ်ဆေးနေဆဲပဲ”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ယင်း နေအိမ်အားချိတ်ပိတ်စစ်ဆေးချိန်၌ မိဘမဲ့ကလေးကျောင်းဖွင့်ခြင်း မိဘမဲ့ဂေဟာဖွင့်ခြင်းတို့အား တရားဝင်မှတ်ပုံတင်ထားခြင်းမရှိဘဲ ၎င်းတိုဘာသာလုပ်ဆောင်နေခြင်းဖြစ်သည်ကိုသာ စစ် ဆေးတွေ့ရှိခဲ့ရသည်ဟု သိရသည်။

“တစ်ချို့လူမှုကွန်ယက်စာမျက်နှာတွေမှာ အဲဒီအိမ်မှာဆေးကုနေတယ်လို့ရေးထားတာတွေတွေ့ရတယ် စစ်ဆေးတဲ့အခါမှာ ပြည်သူလူထုကိုဆေး ကုပေးနေတာမတွေ့ရဘူး အကြမ်းဖက်အဖွဲ့တွေကိုဆေးကုပေးနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဒါကိုလည်းစစ်ဆေးဆဲပဲဖြစ်ပါတယ် ချိတ်ပိတ်လိုက်တော့မှ လူမှုရေးအရ ဘာသာရေးအရ သတင်းပွလာအောင် လုပ်ဆောင်တာဖြစ်တယ်လို့ပဲပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် နေအိမ်ချိတ်ပိတ်စစ်ဆေးစဥ်တွေ့ရှိခဲ့ရသည့် ကလေးများအား မန္တလေးတိုင်းအစိုးရအဖွဲ့မှ သေချာစွာစစ်ဆေး၍ အမှန်တကယ် မိဘမဲ့က လေးများဖြစ်ပါက အစိုးရမှတရားဝင်ဖွင့်လှစ်ထားသည့် မိဘမဲ့ဂေဟာများသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here