ဆော်ဒီအိမ်ရှေ့စံက ဆော်ဒီ​​၏ ပထမဆုံးလျှပ်စစ်ကားကုမ္ပဏီကို စတင်တည်ထောင်

0
268

ဆော်ဒီအာရေးဗျ၏ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆယ်လ်မန်သည် ပထမဆုံးသော ဆော်ဒီ​ လျှပ်စစ်ကား အမှတ်တံဆိပ် စီရာ ကို စတင်မိတ်ဆက်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန အက်စ်ပီအေ က နိုဝင်ဘာလ ၃ ရက် ကြာသပတေးနေ့တွင် ဖော်ပြသည်။

စီရာသည် ဆော်ဒီတိုင်းပြည်​၏ ပထမဆုံး လျှပ်စစစ်ကား ထုတ်လုပ်သည့် အမှတ်တံဆိပ် ဖြစ်ပြီး ဆလွန်းကားနှင့် အက်စ်ယူဗွီကားများ အပါအဝင် မော်တော်ကား အမျိုးမျိုးကို ဆော်ဒီအာရေးဗီးယားနှင့် မီနာ(အလယ်အာရှနှင့် မြောက်အာဖရိက) ဒေသရှိ သုံးစွဲသူများအတွက် ဒီဇိုင်းဆွဲ ထုတ်လုပ် ရောင်းချသွားမည်ဟု အက်စ်ပီအေက ဆိုသည်။

စီရာကား အားလုံးကို ဆော်ဒီ၌သာ ဒီဇိုင်းဆွဲ ထုတ်လုပ်မည် ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် စတင်ရောင်းချရန် စီစဉ်နေသည်။

အဆိုပါ ကုမ္ပဏီသည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော် ရရှိရန်နှင့် အလုပ်အကိုင်ပေါင်း သုံးသောင်း ဖန်တီးကာ ၂၀၃၄ ခုနှစ်တွင် နိုင်ငံ​၏ ဂျီဒီပီကို ဒေါ်လာ ၈ ဘီလျံ အထိလုပ်ပေးနိုင်မည်ဟု ရည်ရွယ်ထားသည်။

မော်တော်ယာဉ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် နည်းပညာပိုင်းဆိုင်ရာကို ဘီအမ်ဒဗလျူက လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး ကား​၏ ဖွဲ့စည်းတည်ထောက်ပုံ အပိုင်းကို ဖော့စ်ကွန်းက တာဝန်ယူဖန်တီးသွားမည် ဖြစ်သည်။

source: AlarabiyaNews


LEAVE A REPLY

Please enter your comment!
Please enter your name here