ပူတင် တက်ရောက်ပါက ဂျီ ၂၀ အစည်အဝေး၌ ပါဝင်မည်မဟုတ်ဟုဇလန်စကီးဆို

0
248

ကိယက်ဗ်၊ နိုဝင်ဘာ ၄

ယူကရိန်းသမ္မတ ဇလန်စကီးက အင်ဒိုနီးရှားတွင် ကျင်းပမည့် ဂျီ ၂၀ ထိပ်သီး အစည်းအဝေးသို့ ပူတင် တက်ရောက်မည်ဆိုပါက သူပါဝင်သွားမည် မဟုတ်ကြောင်း နိုဝင်ဘာလ ၃ ရက် ကြာသပတေးနေ့တွင် ပြောခဲ့သည်။

ကိယက်ဗ်တွင် ဂရိသမ္မတနှင့် ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ဇလန်စကီးက ၎င်းအား အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုက နိုဝင်ဘာလ ၁၅ ရက် မှ ၁၆ ရက်အထိ ကျင်းပမည့် ထိပ်သီးအစည်းအဝေးပွဲ၌ ပါဝင်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းထောက်များအား ပြောသည်။

“ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ ယူကရိန်းရပ်တည်ချက်ကတော့ ရုရှားပြည်ထောင်စုရဲ့ ခေါင်းဆောင် တက်ရောက်ခဲ့မယ်ဆိုရင် ယူကရိန်းက တက်ရောက်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။” ဟု ၎င်းကဆိုသည်။

ဇလန်စကီးက ဝီဒိုဒို ဖုန်းပြောဖြစ်ခဲ့ပြီး ဂျီ ၂၀ အစည်းအဝေးအတွက် ပြင်ဆင်နေမှုများအပြင် ပင်လယ်နက် စပါးသဘောတူညီချက်နှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြောင်း ကြာသပတေး နံနက်ပိုင်းက ပြောခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here