ရက်ပေါင်း ၄၁၁ ရက်ကြာ ကိုဗစ်ရောဂါ ကူးစက်ခံနေရသူအား ဗြိတိန်သုသတီများက ကုသနိုင်ခဲ့

0
117

ပါရီ၊ နိုဝင်ဘာ ၄

ဗြိတိန် သုသေတီများသည် ရက်ပေါင်း ၄၁၁ ရက်ကြာအောင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုဒဏ် ခံနေရသူအား ၎င်းတွင်စွဲကပ်နေသော ဗိုင်းရပ်စ်၏ ဗီဇလက္ခဏာ အမှတ်အသားကို ဓာတ်ခွဲကြည်ခြင်းဖြင့် ကုသနိုင်ခဲ့ကြောင်း နိုဝင်ဘာလ၄ ရက် သောကြာနေ့တွင် ကြေညာခဲ့သည်။

ထိုကဲ့သို့သော ကိုဗစ်-၁၉ ရောဂါအား ကာလကြာရှည်စွာ ဆက်တိုက် ကူးစက်ခံရမှုမှာ နဂိုကတည်းက ကိုယ်ခံအားနည်းသော လူနာအနည်းငယ်တွင်သာ ဖြစ်ပွားတတ်သည်။

ကူးစက်ခံရသူမှာ အသက် ၅၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကျောက်ကပ် အစားထိုး ကုသထားသောကြောင့် ကိုယ်ခံအားနည်းနေသူဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်ရောဂါ စတင်ကူးစက်ခံရပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလတိုင်အောင် ကူးစက်ခံနေရသူဖြစ်သည်။ 

သုတေသီများသည် ထိုလူရှိ ကိုဗစ်ရောဂါမှာ ခဏခဏ ကူးစက်ခံနေရသည့် ရောဂါ ပုံစံမျိုးသော်လည်းကောင်း တပြိုင်တည်း ဆက်တိုက် ကူးစက်ခံနေရသည် သော်လည်းကောင်း ကိုကွဲပြားစွာ သိရှိရန်အတွက် ဓာတ်ခွဲကြည်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် အစောပိုင်း ဘီဝမ်း မျိုးကွဲ၏ ကူးစက်မှုကို ခံခဲ့ရသော်လည်း အချိန်ကြာလာသည်နှင့်အမျှ မျိုးကွဲအသစ်များ အစားထိုးနေရာယူလာကြောင်း သိခဲ့ရသည်။

ထိုသို့ အစောပိုင်း မျိုးကွဲရှိခဲ့သောကြောင့် သုတေသီများသည် ဆေးဝါးကုမ္ပဏီဖြစ်သည့် ရီဂျန့်နရွန်ထုတ် ကာစီရီဗီမက်နှင့် အင်မ်ဒီဗီမက် ပဋိပစ္စည်းများကို ပေါင်းစပ်ကာ တိုက်ကျွေးခဲ့ပြီး အောင်မြင်စွာ ကုသနိုင်ခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here