ဆေးတက္ကသိုလ်များ၌ တက်ရောက်ခွင့်ရသူ ၁၃၄၇ ဦး၏ အမည်စာရင်းများအား ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်

0
433

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် ဆေးတက္က သိုလ်များ၌ တက်ရောက်ခွင့်ရသူ ၁၃၄၇ ဦး၏ အ မည်စာရင်းများအား နိုဝင်ဘာ ၃ ရက်က အသိ ပေးထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ဓာတု ဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့်အောင်မြင်ပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏ ဆေးတက္ကသိုလ်များနှင့်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရသူများ၏ စာရင်းအား အသိ ပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆေးတက္ကသိုလ်(၁)ရန်ကုန်တွင် ၃၄၅ ဦး၊ ဆေးတက္ကသိုလ်(မန္တလေး)တွင် ၂၇၂ ဦး၊ ဆေးတက္က သိုလ်(၂)ရန်ကုန်တွင် ၃၃၇ ဦး၊ ဆေးတက္ကသိုလ်(မကွေး)တွင် ၁၂၁ ဦး၊ ဆေးတက္ကသိုလ်(တောင်ကြီး) တွင် ၄၈ ဦးတို့တက်ရောက်ခွင့်ရရှိခဲ့သည်။

ထို့ပြင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)တွင် ၁၄၅ ဦး၊ သွားဘက်ဆိုင်ရာဆေးတက္က သိုလ်(မန္တလေး)တွင် ၇၉ ဦးတို့လည်း အသီးသီးတက်ရောက်ခွင့် ရရှိခဲ့သည်။

ယင်း ဆေးတက္ကသိုလ်များ၏ ပထမနှစ်သင်တန်းများအား နိုဝင်ဘာ ၂၁ ရက်၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်၍ ဝင်ခွင့်ရကျောင်းသား၊ကျောင်းသူများ သည် သက်ဆိုင်ရာမော်ကွန်းထိန်းထံသို့ နိုဝင်ဘာ ၈ ရက်မှစတင်၍ သတင်းပေးပို့ရမည်ဖြစ်သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက် မှတ်၊ အမှတ်စာရင်း(မူရင်း)၊ မှတ်ပုံတင်(မူရင်း)တို့အား သက်ဆိုင်ရာတက္ကသိုလ်သို့ တင်ပြရမည်ဖြစ်ကာ ဒီဇင်ဘာ ၂၀ ရက်အထိ သတင်းပေးပို့ကျောင်းအပ်နှံခြင်းမရှိသူများအား ဝင်ခွင့်စာရင်းမှပယ်ဖျက်ခြင်းခံရမည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here