ရန်ကုန် တန်ဆောင်တိုင် ဈေးရောင်းပွဲတော်ကို ပြည့်သူရင်ပြင်၌(၃)ရက်ကျင်းပမည်

0
506

တန်ဆောင်တိုင်လပြည့်ညတွင်မီးရှူးမီးပန်းများပစ်ဖောက်မည်

ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်မြို့တော်စည်ပင်မှကြီးမှူး၍ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့်ဈေးရောင်းပွဲတော်အား နိုဝင် ဘာ ၅ ရက်(မနက်ဖြန်)မှစတင်၍ ၇ ရက်နေ့အထိ ၃ ရက်တိုင်ကျင်းပသွားမည်ဖြစ်သည်။

ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်တွင် နေ့စဉ် နံနက် ၇ နာရီမှ ည ၁၀ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အကျယ် ၁၀ ပေပတ်လည်ရှိ ဈေးဆိုင်ခန်းပေါင်း ၁၆၀ ခန်းအား ဦးရာလူစနစ်ဖြင့် ဌားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဈေးဆိုင်ခန်းများ၌ လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့်အစားအသောက်၊အသီးအနှံများ ရောင်းချပေးသွားမည့် ဈေးရောင်းပွဲတော်၊ညနေ ၅ နာရီမှည ၁၀ နာရီထိ နိုင်ငံကျော် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ DJ များဖြင့် ဖျော်ဖြေမည့် ခေတ်ပေါ်တေးဂီတတင်ဆက်မှုများ၊ ပြည်သူ့ရင်ပြင်အပြည့် ရောင်စုံအလှမီးများ ထွန်းညှိ၍ မီးပုံးပျံငယ်များလွှတ်တင်ခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်သည်။

ထို့ပြင် နိုဝင်ဘာ ၇ ရက်(တန်ဆောင်မုန်းလပြည့်ည)တွင် မီးရှူးမီးပန်းပေါင်းများစွာအား ပစ်ဖောက်သွားမည်ဖြစ်၍ လွတ်လပ်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ပုံစာ- ပြည်သူ့ရင်ပြင်တွင် အောက်တိုဘာ ၉ ရက်(သီတင်းကျွတ်လပြည့်နေ့) က FIREWORK အမျိုးအစား မီးရှူးမီးပန်းများပစ်ဖောက်ပေးခဲ့သည့် မြင်ကွင်းပုံရိပ်များ


LEAVE A REPLY

Please enter your comment!
Please enter your name here