မြောက်ကိုရီးယားရေနံတင်ပို့မှုတရားခံအကြောင်း သတင်းပေးနိုင်ပါက ကန်ဒေါ်လာငါးသန်းချီးမြှင့်မည်ဟုဆို

0
237

ဝါရှင်တန်၊နိုဝင်ဘာ ၄

ကုလကဒဏ်ခတ်ပိတ်ဆို့မှုအားချိုးဖောက်လျက် မြောက်ကိုရီးယားသို့လောင်စာတင်ပို့ရာ၌ကူညီပေးနေကြောင်း တရားရေးဌာနကစွပ်စွဲထားသည့် စင်္ကာပူအခြေစိုက်စီးပွားရေးသမားတစ်ဦး၏ အချက်အလက်များပေးနိုင်ပါက ဘိုင်ဒင်အစိုးရက ကန်ဒေါ်လာငါးသန်းကိုဆုငွေအဖြစ်ချီးမြှင့်မည်ဖြစ်ကြောင်းသိရှိရသည်။

စင်္ကာပူရှိ Swanseas Port Services သင်္ဘောကုမ္ပဏီပိုင်ရှင် Kwek Kee Seng အား လောင်စာပို့ဆောင်ရန်စီစဉ်မှုဖြင့် ပြီးခဲ့သည့်နှစ်က စွဲချက်တင်ခဲ့ပြီး အစိုးရရှေ့နေများကလည်း အဆိုပါအစီအစဉ်ကို ဖုံးကွယ်ရန် စာရွက်စာတမ်းအတုများကို အသုံးပြုခဲ့သည်ဟုဆိုသည်။

အမေရိကန်အစိုးရသည် လောင်စာဆီ ပို့ဆောင်ရေးအတွက်အသုံးပြုသည့် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းမိခဲ့ပြီး တန်ချိန် ၂,၇၃၄ တန် M/T Courageous ဖြစ်သည်ဟု အစိုးရရှေ့နေများကပြောကြားခဲ့သည်။  

ဂြိုလ်တုဓာတ်ပုံများမှ ရိုက်ကူးထားသော ဓာတ်ပုံတစ်ခုတွင် ထိုသင်္ဘောသည် မြောက်ကိုရီးယားအလံတပ်ထားသော သင်္ဘောတစ်စင်းထံသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကျော်တန်ဖိုးရှိ ရေနံများ လွှဲပြောင်းပေးခဲ့ကြောင်း အစိုးရရှေ့နေများကပြောကြားခဲ့သည်။

အဆိုပါကိစ္စတွင်ပါဝင်ပတ်သက်သည့် အသက် ၆၂ နှစ်အရွယ်ရှိ မစ္စတာ Kwek အား အလိုအရှိဆုံးတရားခံအဖြစ် ဝရမ်းထုတ်ထားပြီး သတင်းပေးပါက ဆုငွေအဖြစ်ကန်ဒေါ်လာ ငါးသန်းအထိချီးမြှင့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယခုကြေငြာချက်အား မြောက်ကိုရီးယားနှင့်တင်းမာမှုများမြင့်တက်နေစဉ် ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here