ရှမ်းပြည်နယ်၌ စစ်ဆေးရန်တားဆီးစဥ် ရပ်တန့်ခိုင်းစဥ် မောင်းနှင်ထွက်ပြေးသည့် ကိုယ်ပိုင်ကားပေါ်မှ ငွေကျပ်သိန်း ၉၀၀၀ ခန့်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

0
262

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊ရေမောင်းကျေးရွာအနီးတွင် နိုဝင်ဘာ ၃ ရက်နံနက်ပိုင်းက ကိုယ်ပိုင် ကားပေါ်မှဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့နံနက် ၈ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ရေမောင်းကျေးရွာအနီး၌ ဂုတ်ထိပ်ကျေးရွာဘက်မှအမည်၊အသက်၊နေရပ်လိပ် စာ(စစ်ဆေးဆဲ)မောင်းလာသည့် Landcruiser (အနက်ရောင်)ကားအား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့သည်။

ကားမောင်းသူမှရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ရေမောင်းကျေးရွာအနီးအရောက် တဘက်ယာဉ်ကြောမှ မောင်းလာသည့် ဆိုင်ကယ်အားတိုက်မိ၍ ကားတိမ်းမှောက်ပြီး ကားမောင်းသူမှာထွက်ပြေးတိမ်း ရှောင်သွားခဲ့သည်။

ထို့ကြောင့် တိမ်းမှောက်သွားသည့် ကားအားစစ် ဆေးရာကားပေါ်ရှိ ဆာလာအိတ် ၂၀ အိတ် အ တွင်းမှ ဘိန်းဖြူဆပ်ပြာခွက် ၄၄၀၀ ခွက်၊ ဆာလာ အိတ် ၂ အိတ်အတွင်းမှစိတ်ကြွဆေးပြား ၄ ဒသမ ၈ သိန်းပြား(စုစုပေါင်း ငွေကျပ်သိန်း ၉၀၀၀ ခန့်) တို့အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် ဘိန်းဖြူ၊စိတ်ကြွဆေးပြားများနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်သွားသည့် ကားမောင်းသူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here